ယူကရိန်း လုံခြုံရေးအာမခံချက်အတွက် ၇-၁၀ ရက်အတွင်း လုပ်ဆောင်ရန် ဇီလန်စကီးမျှော်လင့်
ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များကို လာမည့် ၇ ရက်မှ ၁၀ ရက် အတွင်း စာရွက်စာတမ်းများဖြင့် စနစ်တကျ အတည်ပြု လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက အမေရိကန်သမ္မတ နှင့် တွေ့ဆုံပွဲပြီးနောက် ပြောကြားလိုက်သည်ဟု TASS သတင်းဌာနက ဖော်ပြထားပါသည်။
ဇီလန်စကီး၏ အဆိုအရ ယူကရိန်းတပ်မတော်အတွက် လက်နက်ပစ္စည်း များ၊ မဟာမိတ်များ၏ ကတိကဝတ်များနှင့် ယူကရိန်း၏ ကာကွယ်ရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတို့နှင့် သက်ဆိုင်သော လုံခြုံရေးဆိုင်ရာ အာမခံ ချက် ၃ ရပ် ပါရှိပါကြောင်း သိရှိရပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃
Photo Crd to Reuters
MM-News-Category