သီးနှံမျိုးစုံ(၃၀၀၅)ဧက အချိန်နှင့်တစ်ပြေးညီ ရေပြည့်ဝစွာပေးဝေနိုင်ရေး ထုံးကြီးဆည်အထွက် ရေသွင်း တံခါး အောက် ဝဲ/ယာရှိ ကျောက်ဆလံများအား ပြန်လည်ပြုပြင်ပေး

News Image

  • သီးနှံမျိုးစုံ(၃၀၀၅)ဧက အချိန်နှင့်တစ်ပြေးညီ ရေပြည့်ဝစွာပေးဝေနိုင်ရေး ထုံးကြီးဆည်အထွက် ရေသွင်း တံခါး အောက် ဝဲ/ယာရှိ ကျောက်ဆလံများအား ပြန်လည်ပြုပြင်ပေး

ကျောက်ဆည်၊ဩဂုတ်-၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်သည် ဆည်၊ မြောင်း၊ ချောင်း၊ ကန် ပေါများပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဆည်ရေကို အဓိကထား အသုံးပြုလျက်ရှိပြီး တောင်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြစ်ချောင်းများ ရေလျှံမှု မှ ကာကွယ်နိုင်ရေး၊ ရေစီးရေလာကောင်းမွန်စွာဖြင့် စိုက်ပျိုးရေများ လုံလောက်စွာပေးဝေနိုင်ရေး၊ ဘဏ္ဍာနှစ် အလိုက် ဆည်များ၊ မြောင်းများအား ပြန်လည်ပြုပြင် ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် သီးနှံမျိုးစုံ (၃၀၀၅) ဧက အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးရေပြည့်ဝစွာပေးဝေးနိုင်ရေး ထုံးကြီးဆည်အထွက် ရေသွင်းတံခါး အောက်ဝဲ/ ယာရှိ ကျောက်ဆလံများအား  ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါထုံးကြီးဆည်သည် ကျောက်ဆည်မြို့နယ် ဆည်ရွာကျေးရွာအနီးတွင်တည်ရှိပြီး မန္တလေးတိုင်း ဒေသကြီး ခွင့်ပြုရန်ပုံငွေ(၃၀ ဒဿမ ၀၀၀)ကျပ်သန်း အကုန်အကျခံကာ ထုံးကြီးဆည်၏အထွက်ဘက်၌ ရေတိုက်စားမှုကြောင့် ပျက်စီးလျက်ရှိသည့် ရေကာနံရံကျောက်ဆလံများအား အလျား(၂၀၀)ပေ၊ အကျယ် (၂)ပေ၊ အမြင့်(၆)ပေဖြင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အသစ်ပြန်လည် ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

အဆိုပါ မြေကာနံရံကျောက်စီခြင်းလုပ်ငန်းများ ပြုပြုင်ပြီးစီးပါက မြောင်းပေါင်များကျိုးပေါက်မှုများမှ ကာကွယ် နိုင်ပြီး မြောင်းပေါင်များပိုမိုကြံ့ခိုင်မှုရှိပြီး ရေအားအပြည့်အဝဖြင့် စိုက်ပျိုးရေလေလွင့်ဆုံးရှုံးမှုမရှိဘဲ သီးနှံမျိုးစုံ (၂၇၀၀၆)ဧကအား စိုက်ပျိုးရေများ အခက်အခဲမရှိ ပြည့်ဝစွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

          

သက်မောင်(ကျောက်ဆည်)