စပါးအသင်းကို ခြောက်ဂိုး-သုံးဂိုးဖြင့် အနိုင်ရပြီး လီဗာပူးအသင်း ဇယားထိပ်၌ လေးမှတ်ဖြတ်ဦးဆောင်နိုင်ခဲ့

News Image

  • စပါးအသင်းကို ခြောက်ဂိုး-သုံးဂိုးဖြင့် အနိုင်ရပြီး လီဗာပူးအသင်း ဇယားထိပ်၌ လေးမှတ်ဖြတ်ဦးဆောင်နိုင်ခဲ့

ပရီမီယာလိဂ်ပွဲစဉ်(၁၇)ရဲ့ အကောင်းဆုံးနဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၂ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းနဲ့ လီဗာပူးအသင်းတို့ပွဲစဉ်မှာ လီဗာပူးအသင်းက ခြောက်ဂိုး-သုံးဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

သွင်းယူ

အဲဒီပွဲစဉ်မှာ လီဗာပူးအသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၂၃ မိနစ်နဲ့ ၈၅ မိနစ်မှာ လူးဝစ်ဒိုင်ယက်က နှစ်ဂိုး၊ ၃၆ မိနစ်မှာ အဲလစ်စတာက တစ်ဂိုး၊ ၄၅ မိနစ်မှာ ဇိုဘိုဇလိုင်းက တစ်ဂိုး၊ ၅၄ မိနစ်နဲ့ ၆၁ မိနစ်တို့မှာ မိုဟာမက်ဆာလာက နှစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး စပါးအသင်းအတွက် သွင်းဂိုးတွေကိုတော့ ၄၁ မိနစ်မှာ ကူလူဆက်ဗ်စကီးက တစ်ဂိုး၊ ၈၃ မိနစ်မှာ ဆိုလန်စကီးက တစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ လီဗာပူးအသင်းအတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဆာလာဟာ လီဗာပူးအသင်းနဲ့အတူ ၃၇၃ ပွဲမှာ သွင်းဂိုး ၂၂၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ စပါးအသင်းကိုအနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်အမှတ်ပေးဇယား ဒုတိယနေရာက ချယ်လ်ဆီးအသင်းထက် တစ်ပွဲလျော့ကစားထားချိန်မှာ ချယ်လ်ဆီးအသင်းကိုလေးမှတ်ဖြတ်ကာ ဆက်လက်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းအနေနဲ့ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ် နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲဖြစ်တဲ့ နယူးကာဆယ်အသင်း၊ ဖူလ်ဟမ်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် ရမှတ်ဆုံးရှုံးမှုတွေရှိခဲ့တာဖြစ်ပါတယ်။

စပါးအသင်းကတော့ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်(၁၇) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၁ မှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source: ကြေးမုံသတင်းစာ