တရားစီရင်ရေးဆောင်ရွက်ရန် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို လွှဲပြောင်းပေးရေး ဘင်္ဂလားဒေ့ရှ်က အိန္ဒိယကို တောင်းဆို

News Image

  • တရားစီရင်ရေးဆောင်ရွက်ရန် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို လွှဲပြောင်းပေးရေး ဘင်္ဂလားဒေ့ရှ်က အိန္ဒိယကို တောင်းဆို

ဘင်္ဂလားဒေ့ရှ်၌ ပြင်းထန်သည့်ဆန္ဒပြမှုများကြောင့် ၁၆ နှစ်သက်တမ်းရှိ ရှိတ်ဟာဆီနာအစိုးရအဖွဲ့ပြုတ်ကျ ပြီးနောက်   အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားသည့် ရှိတ်ဟာဆီနာအား ပြန်လည်လွှဲအပ်ပေးရန် ဘင်္ဂလား ဒေ့ရှ်က အိန္ဒိယနိုင်ငံသို့ သံတမန်စာတစ်စောင် ပေးပို့ ထားပါသည်။ 

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာသည် အိန္ဒိယနိုင်ငံသို့ ဩဂုတ်လ ၅ ရက်တွင် ရောက်ရှိနေခြင်း က နှစ်နိုင်ငံဆက်ဆံရေးအပေါ် သက်ရောက်မှုရှိစေမည့် အလားအလာရှိနေသဖြင့် သံတမန်ကျွမ်းကျင်မှုရှိရန် လိုအပ်မည်ဖြစ်သည်။ 

“ဘင်္ဂလားဒေ့ရှ်အနေဖြင့် တရားစီရင်ရေး လုပ်ငန်းစဉ် အတွက် သူမကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည် လွှဲအပ်ပေးနိုင်ရန်အတွက် အိန္ဒိယအစိုးရထံ သံတမန် ရေးရာစာတစ်စောင် ပေးပို့ထားကြောင်း” ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ၏ နိုင်ငံခြားရေးရာအကြံပေး Touhid Hossain က ပြောကြားခဲ့သည်။

ဒါကာရှိ နိုင်ငံတကာရာဇ၀တ်မှုခုံရုံး (International Court of Tribunal -ICT) သည် ရှိတ်ဟာဆီနာနှင့် သူမ၏ ဝန်ကြီးဟောင်းများ၊ အကြံပေးများ၊ စစ်ဘက်နှင့် အရပ်ဘက်အရာရှိများကို “လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇ၀တ်မှုများနှင့် လူမျိုးတုံး သတ်ဖြတ်မှု” တို့အတွက် ဖမ်းဝရမ်းထုတ်ထားပါသည်။

ကိုးကား - The indian EXPRESS