ဘေးအန္တရာယ်ပြမြေပုံနှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံများ ရေးဆွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

News Image

  • နေပြည်တော်  ဒီဇင်ဘာ ၄       ဘေးအန္တရာယ်ပြမြေပုံ (Hazard Map) နှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံ (Risk Map) များရေးဆွဲနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန    သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပသည်။      အစည်းအဝေးသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး   ဦးကိုကိုလှိုင်၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုက

နေပြည်တော်  ဒီဇင်ဘာ ၄
ဘေးအန္တရာယ်ပြမြေပုံ (Hazard Map) နှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေပြမြေပုံ (Risk Map) များရေးဆွဲနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပသည်။ 
အစည်းအဝေးသို့    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး   ဦးကိုကိုလှိုင်၊ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် မြေပုံရေးဆွဲနိုင်ရေး နည်းပညာပိုင်းဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊    ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်ကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အကြံပေး ဒေါက်တာရင်ရင်နွယ်က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။
အစည်းအဝေးတွင်    ပြည်ထောင်စုဝန်ကြီးက ယခုမိုးရာသီကာလအတွင်း တိုင်ဖွန်းရာဂိနှင့် အနောက်တောင်မုတ်သုံလေ အားကောင်းခြင်းတို့၏ သက်ရောက်မှုများကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဒေသအချို့၌  ရေကြီးရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်း အစရှိသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်    ထိခိုက်မှုများမှ နောင်တွင်   လျော့ပါးသက်သာစေရေးနှင့် သဘာဝဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ထိရောက်သည့်ကြိုတင်ပြင်ဆင်နိုင်မှုများ ဆောင်ရွက်စေနိုင်ရေးအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ  အစည်းအဝေးက ဆုံးဖြတ်ခဲ့သည့်    သဘာဝဘေးကြောင့် ထိခိုက်မှုများနှင့် ပတ်သက်၍     Damage Assessment များဆောင်ရွက်ကာ ဒေသအလိုက် ဖြစ်လာနိုင်ခြေရှိသည့် သဘာဝဘေးများကို ဖော်ထုတ်နိုင်ရေးအတွက် Risk Map နှင့် Hazard Map များ ရေးဆွဲပြုစုခြင်းကို ဆောင်ရွက်နိုင်ရန် ညှိနှိုင်းခြင်းဖြစ်ကြောင်း၊ Hazard Mappingဆောင်ရွက်နိုင်စေရေးလိုအပ်ချက်များဖော်ထုတ်ကြရန်လိုအပ်ကြောင်း၊သက်ဆိုင်ရာဌာနများကလည်းဌာနအလိုက်ရှိပြီးဖြစ်သည့် အချက်အလက်များကို အသုံးပြု၍ Hazard Map များ ရေးဆွဲနိုင်ရေး ပံ့ပိုးဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ယခင်ကတည်းက    ဒေသအလိုက် အချို့သော Hazard Map များရှိပြီးဖြစ်သော်လည်း ယခုရာဂိကဲ့သို့ ထူးခြားဖြစ်စဉ်မျိုးကိုပါ  ထည့်သွင်းစဉ်းစားရန်လိုအပ်လာကြောင်း၊  AI, GIS နှင့် Remote Sensing ကဲ့သို့  ခေတ်မီနည်းပညာများ အသုံးပြုပြီး Hazard Map နှင့် Risk Map များ ဘေးဖြစ်နိုင်ခြေအလိုက် ဆောင်ရွက်ကြရန် ဖော်ထုတ်ရမည်ဖြစ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာရှုထောင့်အလိုက်   အကြံပြုဆွေးနွေးအဖြေရှာကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်က Hazard Mapping ဆောင်ရွက်နိုင်ရန်  GIS ကျွမ်းကျင်သူ၊ လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်သူများ လိုအပ်မည်ဖြစ်ကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ Mapping ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်အမျိုးအစား အလိုက်လိုအပ်မည့် Data များလည်း   ကွာခြားမည်ဖြစ်ကြောင်း၊ Table များဖြင့် ပြုစုထားသည့် Data များအပြင် Presentation ပြုလုပ်နိုင်မည့် Data များအဖြစ်  Geospatial Data များလည်း လိုအပ်မည်ဖြစ်ကြောင်း၊    အဓိကအားဖြင့် Map နှင့် Data များ ပေါင်းစပ်ဖော်ပြနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ လိုအပ်သည့် နည်းပညာဆိုင်ရာ အကူအညီများရရှိနိုင်ရေးအတွက် ကူညီပေးသွားမည်ဖြစ်ကြောင်း    ဖြည့်စွက်အကြံပြု ဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေး တက်ရောက်လာသူများက ဘာသာရပ်အလိုက်၊ လုပ်ငန်းအလိုက် Risk Map နှင့် Hazard Map ရေးဆွဲရာတွင် ဌာနများအလိုက် ရှိပြီးဖြစ်သည့် အချက်အလက်များ၊ နည်းပညာပိုင်းဆိုင်ရာ လိုအပ်မှုများ၊ ရရှိနိုင်မည့်အရင်းအမြစ်များနှင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ်   လိုအပ်သည်များဖြည့်စွက် ဆွေးနွေးအကြံပြုခဲ့ကြောင်း သတင်းရရှိသည်။

Source:  မြန်မာ့အလင်းသတင်းစာ