ထရန့်၏ ဂရင်းလန်းကို ပိုင်ဆိုင်လိုမှုအပေါ် ရုရှား အနီးကပ်စောင့်ကြည့်နေ

News Image

  • ထရန့်၏ ဂရင်းလန်းကို ပိုင်ဆိုင်လိုမှုအပေါ်   ရုရှား အနီးကပ်စောင့်ကြည့်နေ

ဒိန်းမတ်ပိုင်နက် ဂရင်းလန်းကို စစ်အင်အားဖြင့် ရယူမည်မဟုတ်ကြောင်း ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပြီးနောက်တွင် ရုရှားက ဂရင်းလန်းကိစ္စအပေါ် အနီးကပ် စောင့်ကြည့်နေကြောင်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ   Dmitry Peskov  က ပြောကြားလိုက်ပါသည်။ 

“ကျွန်တော်တို့ ဒီကိစ္စတိုးတက်မှုအခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်၊ ကြေညာချက်ထုတ်ပြန်ဖို့ အဆင့်ပဲ ကျန်နေပါတယ်” လို့ သူက ကြာသပတေးနေ့တွင် မော်စကို၌   ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်  ပြောကြားခဲ့ပါသည်။

ပြီးခဲ့သည့် အင်္ဂါနေ့တွင်လည်း ဒေါ်နယ်ထရမ့်က ဂရင်းလန်းကို ထိန်းချုပ်လိုကြောင်း ၎င်း၏ဆန္ဒအား ထပ်ခါတလဲလဲ ပြောကြားထားပါသည်။ ဂရင်းလန်းကို ပိုင်ဆိုင်ရန်  စီးပွားရေး သို့မဟုတ် စစ်ရေးအင်အား သုံးမည်လားဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အပေါ် ၎င်းအနေဖြင့် ဤကိစ္စကို  ကတိကဝတ် မပေးနိုင်ကြောင်း ပြန်လည် ဖြေကြားထားပါသည်။ အမျိုးသားလုံခြုံရေးအတွက် ဂရင်းလန်းဒေသကို လိုအပ်သည်ဟု ထရန့်က နောက်ပိုင်းတွင် ခပ်စိပ်စိပ် ပြောကြားလာပါသည်။ 

အာတိတ်ဒေသတွင် တည်ရှိပြီး သတ္တုပေါကြွယ်ဝသည့် ဒိန်းမတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂရင်းလန်းကို  လွှမ်းမိုးထိန်းချုပ်နိုင်ရန် မကြာသေးမီနှစ်များအတွင်း  ရုရှား၊ တရုတ်နှင့် အမေရိကန်တို့အနေဖြင့် အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိနေပါသည်။ အာတိတ်ဒေသက ရုရှားအတွက်  မဟာဗျူဟာမြောက် အရေးပါကြောင်း Dmitry Peskov  က ထပ်လောင်းပြောကြားထားပါသည်။ 

ကိုးကား(ALJAZEERA)