လက်ဘနွန်သမ္မတအဖြစ် စစ်တပ်ကာကွယ်ရေးဦးစီးချုပ်ကို ရွေးချယ်ခန့်အပ်
လက်ဘနွန်နိုင်ငံ၏ ၁၄ ယောက်မြောက် သမ္မတအဖြစ် စစ်တပ်ကာကွယ်ရေးဦးစီးချုပ် Joseph Aoun ကို ဇန်နဝါရီလ ၉ ရက်နေ့က ရွေးချယ်ခန့်အပ်လိုက်ပြီ ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက သမ္မတ ဟောင်း Michel Aoun ၏ သမ္မတသက်တမ်းကုန်ဆုံးပြီး လစ်လပ်လျက်ရှိသည့် သမ္မတရာထူးနေရာတွင် ၂ နှစ် အကြာတွင်မှ Joseph Aoun ကို သမ္မတရာထူးကို ခန့်အပ်လိုက်ခြင်း ဖြစ်ပါသည်။
Joseph Aoun သည် လက်ဘနွန်ပါလီမန်က သမ္မတ ရွေးချယ်မှုအတွက် ပထမအကျော့ မဲခွဲဆုံးဖြတ်မှုတွင် ၁၂၈ မဲအနက် ၈၆ မဲရရှိပြီး ဒုတိယအကျော့တွင် ၁၂၈ မဲအနက် ၉၉ မဲရရှိပြီး ရွေးကောက်တင်မြောက်ခံရခြင်း ဖြစ်ပါသည်။
Joseph Aoun က လက်ဘနွန်နိုင်ငံ၏ နိုင်ငံတော်ပြန်လည်တည်ဆောက်ရေးနှင့် စီးပွားရေးယိုယွင်းပျက်စီးနေမှုများအား ပြန်လည်ကုစားရေးအတွက် ဦးဆောင်တာဝန်ယူဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါသည်။
ကိုးကား-ဆင်ဟွာ
MM-News-Category