ရုရှားအပေါ် ပိတ်ဆို့မှုအသစ်ကြောင့် အမေရိကန်တွင် ဓာတ်ငွေ့ဈေးနှုန်းတက်လာဖွယ်ရှိကြောင်း ဘိုင်ဒင်ပြောကြား

News Image

  • ရုရှားအပေါ် ပိတ်ဆို့မှုအသစ်ကြောင့်   အမေရိကန်တွင် ဓာတ်ငွေ့ဈေးနှုန်းတက်လာဖွယ်ရှိ

ဇန်နဝါရီလ ၁၀ ရက်နေ့က အမေရိကန်အစိုးရမှ အတည်ပြုလိုက်သော ရုရှားစွမ်းအင်ကဏ္ဍအပေါ် ပိတ်ဆို့အရေးယူမှု အစီအစဉ်သစ်အရ အမေရိကန်တွင် သဘာဝဓာတ်ငွေ့ဈေးနှုန်း မြင့်တက်လာနိုင်ဖွယ် ရှိကြောင်း၊ ဓာတ်ငွေ့ဈေးမှာ တစ်ဂါလံကို ၃ - ၄ ဆ လောက် တက်လာနိုင်ခြေရှိကြောင်း အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ပါသည်။

အမေရိကန်သည် ရုရှား၏ စွမ်းအင်ကဏ္ဍတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် ၂၀၀ ကျော်အပေါ် ပိတ်ဆို့မှုအသစ်တစ်ရပ်ကို ဇန်နဝါရီ ၁၀ ရက်နေ့က ချမှတ်လိုက်ကြောင်း၊ ယူကရိန်းအပေါ် စစ်ဆင်နွှဲနေသော ရုရှားစွမ်းအင်ထုတ်လုပ်ရေးမှ ဝင်ငွေရရှိနေမှု လျော့ကျသွားစေရန် ရည်ရွယ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန website တွင်  ကြေညာထားသည့် Sweeping Sanctions on Russia’s Energy Sector  ပိတ်ဆို့မှုအစီအစဉ်သစ်အရ  သိရှိရပါသည်။

ကိုးကား-TASS