ဥရောပသမဂ္ဂက တရုတ်၏ ယုံကြည်အားထားနိုင်သည့် လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းဖြစ်မည်ဟု မျှော်လင့်ကြောင်း ရှီကျင့်ဖျင်ပြော

News Image

  • ဥရောပသမဂ္ဂက တရုတ်၏ ယုံကြည်အားထားနိုင်သည့် လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းဖြစ်မည်ဟု မျှော်လင့်ကြောင်း ရှီကျင့်ဖျင်ပြော

ဥရောပသမဂ္ဂအဖွဲ့သည် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုတွင်   ယုံကြည်အားထားနိုင်သည့် လုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်း တစ်ရပ်ဖြစ်မည်ဟု မျှော်လင့်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇန်နဝါရီလ၁၄ ရက်တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့တို့ အနေဖြင့် တစ်ဦးအပေါ်တစ်ဦး လေးစားပြီး တန်းတူညီမျှဆက်ဆံ၍  စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေသရွေ့ နှစ်နိုင်ငံစလုံးကြားတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်မည်ဖြစ်ပြီး အပြန်အလှန် အကျိုးကျေးဇူးများကိုပါ ဖြစ်ထွန်း စေမည်ဖြစ်ကြောင်း သမ္မတရှီက ဥရောပကောင်စီဥက္ကဋ္ဌ  အန်တိုနီယို ကော့စတာနှင့် တယ်လီဖုန်းမှတစ်ဆင့် ပြောကြားစဉ် ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့အနေဖြင့် မဟာဗျူဟာမြောက် ဆက်သွယ်ရေးနှင့် အပြန်အလှန် ယုံကြည်မှုတို့ကို တိုးမြှင့်ရန်လုပ်ဆောင်သင့်ကြောင်း သမ္မတရှီက ဆက်လက်ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် CCTV သတင်းအေဂျင်စီက ထုတ်ပြန်သည်။

ဥရောပသမဂ္ဂအဖွဲ့က တရုတ်နိုင်ငံမှတင်သွင်းလာမည့်  လျှပ်စစ်ကားများအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် စီစဉ်မှုကြောင့် နှစ်ဦးနှစ်ဖက်ကြား တင်းမာနေစဉ် ခေါင်းဆောင် နှစ်ဦးကြား အဆိုပါဖုန်းပြောဆိုမှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

Source: Myawady Web Portal