ဒေါ်နယ်ထရမ့်၏ ရန်သူတော်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားနေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်

News Image

  • ဒေါ်နယ်ထရမ့်၏ ရန်သူတော်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားနေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်

မကြာမီ ရာထူးမှအနားယူတော့မည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ၎င်းရာထူးမှ အနားမယူမီ ဒေါ်နယ်ထရမ့်၏ ပစ်မှတ်ထားခြင်းခံရဖွယ်ရှိနေသူများ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စဉ်းစားနေကြောင်း သိရှိရပါသည်။

ဂျိုးဘိုင်ဒန်က ဒေါ်နယ်ထရမ့်သည် ၎င်းသမ္မတ ဖြစ်လာချိန်တွင် ပြိုင်ဘက်နိုင်ငံရေးသမားများကို ဖိနှိပ်ခြင်းများ ပိုမိုလုပ်ဆောင်လာဖွယ်ရှိနေကြောင်းနှင့် လွတ်ငြိမ်း ချမ်းသာခွင့်ပေးရေးကိစ္စအား စဉ်းစားနေဆဲဖြစ်ပြီးအပြီးသတ်ဆုံးဖြတ်ချက် မချရသေးကြောင်း၊ ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များအပေါ်တွင် မူတည် နေကြောင်းပြောပါသည်။

ဂျိုးဘိုင်ဒန်သည် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်နှင့်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် သမ္မတရွေးကောက်ပွဲမှ နှုတ်ထွက်ခဲ့သည်။ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံသမိုင်းတွင် အကျင့်ပျက်လာဘ်စားမှုအများဆုံးဖြစ်သော လက်ရှိ သမ္မတဂျိုးဘိုင်ဒန်နှင့် ၎င်း၏မိသားစုတစ်ခုလုံးအပြင် ဒုတိယသမ္မတ ကာမီလာဟဲရစ်အပါအဝင် ပြိုင်ဖက်များကို ဖိနှိပ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ပြောဆိုခဲ့သည်ဟု သိရပါသည်။

သမ္မတရာထူးမှ အနားမယူမီ သားဖြစ်သူ ဟန်တာဘိုင်ဒန်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းနှင့်ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က လက်ရှိ သမ္မတ ဂျိုးဘိုင်ဒင် ကို လူသိရှင်ကြား ဝေဖန်ခဲ့ပါသည်။

ဒေါ်နယ်ထရမ့်သည် ပထမအကြိမ်သမ္မတ ဖြစ်လာချိန်တွင် သမ္မတဟောင်း ဘားရက်အိုးဘားမားနှင့် ၎င်းကို အပြင်းထန်ဆုံးဝေဖန်သူ ချီနေးတို့ကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ဖူးကြောင်း သိရှိရပြီး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန်ကာလကလည်း ရွေးကောက်ပွဲလိမ်လည်မှု ကျူးလွန်ခဲ့သူများကို ဖိနှိပ်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးပါသည်။ ဂျိုးဘိုင်ဒန်သည် သမ္မတရာထူးမှ အနားမယူမီ ယူကရိန်းအား စစ်ရေးအကူအညီများ ထပ်မံပေးအပ်ခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းများ လည်းရှိခဲ့သည်။

ဂျိုးဘိုင်ဒန်သည် ၎င်း၏လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်ရန် စဉ်းစားနေခြင်းဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်ခြင်း ရှိ/မရှိ ကို တွေ့မြင်ရဖွယ်ရှိနေပါသည်။

ကိုးကား-NP News