ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော်ကြီး အိန္ဒိယနိုင်ငံတွင် စတင်
အိန္ဒိယနိုင်ငံ Uttara Paradash ပြည်နယ်၊ Prayagraj မြို့မြောက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် Mahakumbh Mela ပွဲတော်တွင် ပါဝင်ဆင်နွှဲရန် သန်းနဲ့ချီသော ဘုရားဖူးများ စုဝေးရောက်ရှိနေကြပါသည်။
ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ်ထားသည့် ဂင်္ဂါမြစ်၊ Yamuna မြစ်နှင့် ဒဏ္ဍာရီလာ Saraswati မြစ်တို့ပေါင်းဆုံရာ Sangam တွင် ရေချိုးရန်အတွက် ၆ ပတ်တာကာလအတွင်း ကမ္ဘာတစ်ဝှမ်းလုံးမှ ဟိန္ဒူဘာသာဝင်များ ဘုရားဖူးလာရောက်ကြခြင်းဖြစ်သည်။
ဟိန္ဒူဘာသာဝင်များသည် မြင့်မြတ်သော ရေကိုချိုးခြင်းဖြင့် အပြစ်များကိုသန့်စင်စေသည်ဟု ယုံကြည်ကြသည်။
လမ်းတစ်လျှောက် တေးဂီတဖျော်ဖြေမှုများဖြင့် အရောင်အသွေးစုံလင်စွာ စီတန်းလှည့်လည်၍ ပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးဧည့်သည်များ တည်းခိုနေထိုင်ရန်အတွက် မြစ်ကမ်းပါးတစ်လျှောက် ဟက်တာ ၄,၀၀၀ ဧကကျယ်ဝန်းသော မြေကွက်လပ်တွင် ရွက်ဖျင်တဲအများအပြားကို အာဏာပိုင်များက ဆောက်လုပ်ပေးထားပါသည်။
ကိုးကား-BBC