ဗီယက်နမ်နိုင်ငံသို့ ရုရှားဝန်ကြီးချုပ် အလည်အပတ် ရောက်ရှိ

News Image

  • ဗီယက်နမ်နိုင်ငံသို့ ရုရှားဝန်ကြီးချုပ် အလည်အပတ် ရောက်ရှိ

ဗီယက်နမ်နိုင်ငံသို့ ဇန်နဝါရီ ၁၄ ရက်က အလည်အပတ်ရောက်ရှိလာသော ရုရှားဝန်ကြီးချုပ် Mikhail Mishustin ကို ဗီယက်နမ်နိုင်ငံက ဂုဏ်ပြုပွဲအခမ်းအနားဖြင့် ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။

ရုရှားဝန်ကြီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ် Dmitry Chernyshenko နှင့် Alexey Overchuk၊ ဘဏ္ဍာရေးဝန်ကြီး၊ စက်မှုဝန်ကြီး၊ ဆက်သွယ်ရေးဝန်ကြီး၊ စီးပွားဖွံ့ဖြိုးရေးဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီးတို့ လိုက်ပါလာကြကြောင်း သိရှိရပါသည်။ 

ဆွေးနွေးပွဲမစတင်မီ ရုရှားဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနှင့်ဗီယက်နမ်အကြား သံတမန်ဆက်ဆံရေးထူထောင်မှု ၇၅ နှစ်မြောက်အထိမ်းအမှတ်ပြပွဲသို့ သွားရောက်ခဲ့ကြသည်။ ရုရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ၁၉၅၀ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို စတင်ထူထောင်ခဲ့ပါသည်။ 

ရုရှားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ၂၀၀၁ ခုနှစ်တွင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ မြှင့်တင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်ခဲ့ကြသည်။ 

ကိုးကား-TASS