ရုရှား-တရုတ်မိတ်ဖက်ဆက်ဆံရေးက ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုအတွက် ပဓာနကျသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား
ကမ္ဘာတစ်ဝန်း၌ တင်းမာမှုများမြင့်တက်နေခိုက် ရုရှား-တရုတ်ဆက်ဆံရေးသည် ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုကို ထိန်းသိမ်းရာ၌ ပဓာနကျသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က ဇန်နဝါရီ ၁၄ ရက် နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရုရှား-တရုတ် မိတ်ဖက်ဆက်ဆံရေးမှာ ခေတ်သစ်နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် တည်ငြိမ်မှုကို ထိန်းမတ်ပေးသော အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်သည်ဟုလည်း၎င်းကဆိုသည်။
အမေရိကန်နှင့် မြောက်အတ္တလန္တိတ် မဟာမိတ်အုပ်စု (နေတိုး)မှ ၎င်း၏မဟာမိတ်များက ကမ္ဘာတစ်ဝန်းထိပ်တိုက်တွေ့မှုများ၊ ရန်လိုမှုများ အရှိန်မြင့်တက်စေရန် ကြိုးပမ်းနေကာ ဥရောပနှင့် အခြားနေရာဒေသများ၌ ပဋိပက္ခများ၊ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ဖန်တီးနေကြောင်း လက်ဗ်ရော့က ထည့်သွင်း ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
MM-News-Category