တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယို အဖမ်းခံရ

News Image

  • တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယို အဖမ်းခံရ

ဇန်နဝါရီ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၃၃ မိနစ်ခန့်တွင် ရာထူးမှ ရပ်ဆိုင်းခံထားရသည့် သမ္မတ ယွန်းဆက်ယို၏ ဖမ်းဝရမ်းအမိန့် ဆောင်ရွက်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစုံစမ်းစစ်ဆေးရေးဌာနချုပ်က အဆိုပါနေ့တွင် ပြောကြားခဲ့သည်။ သတင်းထောက်က ယခု သတင်းတင်ခဲ့သည့် အချိန်အထိ ယွန်းဆက်ယို လိုက်ပါလာသော ရဲတပ်ဖွဲ့လုံခြုံရေးယာဉ်သည် အဆင့်မြင့် အစိုးရအရာရှိများ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာန (အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာန) သို့ ရောက်ရှိပြီဖြစ်သည်။ ယွန်းဆက်ယိုသည် အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနသို့ သွားရောက်သည့် တစ်ချိန်တည်းတွင် ၎င်းဘက်က ၎င်းသမ္မတအိမ်တော်တွင် ကြိုတင်ရိုက်ကူးခဲ့သော ဗီဒီယိုကိုထုတ်လွှင့်ခဲ့သည်။ မမြင်အပ်ဖွယ် သွေးထွက်သံယိုကိစ္စများ မဖြစ်စေရန်၊ တရားမဝင် စုံစမ်းစစ်ဆေးခြင်းဖြစ်သော်လည်း အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနသို့ သွားရောက်၍ စုံစမ်းစစ်ဆေးမှုခံယူရန် ဆုံးဖြတ်ခဲ့ကြောင်း ယွန်းဆက်ယို က အဆိုပါဗီဒီယိုတွင် ပြောကြားခဲ့သည်။

အစိုးရအရာရှိများ စုံစမ်းစစ်ဆေးရေးဌာနနှင့် ရဲဘက်ဆိုင်ရာများက ဇန်နဝါရီ ၁၅ ရက် နံနက်အစောပိုင်းတွင် သမ္မတအိမ်တော်သို့ ရောက်ရှိခဲ့ပြီး ယွန်းဆက်ယိုအား ဖမ်းဝရမ်းအမိန့် ထပ်မံဆောင်ရွက်ရန်ကြိုးစားခဲ့သလို တစ်ချိန်တည်းမှာပင် သမ္မတလုံခြုံရေးဌာန၏ ယာယီအကြီးအကဲအဖြစ် ထမ်းဆောင်နေသော ဒုတိယအကြီးအကဲ Kim Sung Hoon တို့ကိုလည်း ဖမ်းဆီးခဲ့သည်။ 

ကိုးကား-ဆင်ဟွာ