ဘင်္ဂလားဒေ့ရှ်တွင် HMPV ဗိုင်းရပ်ပိုးကြောင့် ပထမဆုံးအကြိမ်လူသေဆုံးမှုဖြစ်ပွား

News Image

  • ဘင်္ဂလားဒေ့ရှ်တွင် HMPV ဗိုင်းရပ်ပိုးကြောင့် ပထမဆုံးအကြိမ်လူသေဆုံးမှုဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် HMPV ဗိုင်းရပ်ပိုးကြောင့် ပထမဆုံးအကြိမ် လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်အဖွဲ့က ဇန်နဝါရီလ ၁၆ ရက်တွင် ထုတ်ပြန်သည်။

သေဆုံးသူမှာ   ဆန်ဂျီဒါ အက်တာအမည်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းသည် ဒါကာမြို့ရှိ ကူးစက်ဆေးရုံတွင် ဇန်နဝါရီလ၁၅ ရက် ဒေသစံတော်ချိန် ည ၆ နာရီတွင်သေဆုံးခြင်းဖြစ်သည်။ ၎င်းအမျိုးသမီးသည် ပြီးခဲ့သည့်ရက်သတ္တပတ်အကုန်ပိုင်းမှစ၍ ဆေးကုသမှုခံယူနေသူဖြစ်သည်။ ထို့ပြင် သေဆုံးသူအမျိုးသမီးသည် အဝလွန်ခြင်း၊ ကျောက်ကပ်နှင့် အဆုတ်ဝေဒနာများကိုပါ ခံစားနေရသူဖြစ်ကြောင်း ဆေးရုံမှ အတိုင်ပင်ခံပါရဂူတစ်ဦးဖြစ်သူ အာရီဖူ ဘာရှာကပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်   ယခုရာသီအတွင်း ပထမဆုံးအကြိမ်အဖြစ် HMPV ဗိုင်းရပ်ပိုးကူးစက်မှုဖြစ်ပွားပြီး ရက်ပိုင်းအကြာတွင် လူသေဆုံးမှုဖြစ်ပွားခြင်းဖြစ်သည်။  HMPV ဗိုင်းရပ်ပိုးသည်  တုပ်ကွေးအအေးမိသကဲ့သို့  လက္ခဏာများကိုဖြစ်ပေါ်စေပြီး   အသက်ရှူလမ်းကြောင်းကိုထိခိုက်စေသည့်   ရောဂါပိုးဖြစ်ကြောင်းသိရသည်။                             

Source: Myawady Web Portal