ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်သည့် ဂျာမနီကို အိန္ဒိယတရားဝင်သတိပေး
ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်သည့် ဂျာမနီအစိုးရကို အိန္ဒိယက မတ်လ၂၃ ရက်တွင် တရားဝင် ကန့်ကွက်သတိပေးလိုက်ကြောင်းသိရသည်။
အိန္ဒိယအစိုးရက အာဏာရ BJP ပါတီကို နှုတ်အားဖြင့်ဝေဖန်သည့် နယူးဒေလီဝန်ကြီးချုပ်အာဗင်းကက်ရီဝယ်ကို မတ်လ၂၁ ရက်တွင်ဖမ်းဆီးပြီးနောက် ဂျာမနီအစိုးရ၏မှတ်ချက်ပြုပြောဆိုမှုထွက်ပေါ်လာခြင်းဖြစ်သည်။
အာဗင်းကက်ရီဝယ်ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ လွတ်လပ်စွာတရားစီရင်မှုနှင့် အခြေခံဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်သည့် စံချိန်စံနှုန်းများရှိမည်ဟု မျှော်လင့်ကြောင်း ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးဌာနက မတ်လ၂၂ ရက်တွင် ထုတ်ပြန်သည်။
ဒီလိုမျိုးမှတ်ချက်ပြုပြောဆိုမှုတွေဟာ မိမိတို့နိုင်ငံရဲ့ တရားစီရင်ရေး လုပ်ငန်းစဉ်ကို ဝင်ရောက်စွက် ဖက်ရာရောက်တဲ့အပြင် လွတ်လပ်စွာ တရားစီရင်မှုကိုလည်း လျော့ပါးစေပါတယ်ဟု အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနက မတ်လ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။
BJP ပါတီခေါင်းဆောင် ကက်ရီဝယ်သည် လာဘ်ပေးလာဘ်ယူမှုများ ပြုနေသည် ဟူသော စွဲဆိုချက်ဖြင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုကိုခံရခြင်း ဖြစ်သည်။
သို့သော် ထိုသို့ဖမ်းဆီးမှုသည် ပူးပေါင်းကြံစည်မှုသာဖြစ်ကြောင်း၊ စွဲဆိုခံထားရသကဲ့သို့ မည်သည့်ပြစ်မှုကိုမျှ ကျူးလွန်ထားခြင်းမရှိကြောင်း ကက်ရီဝယ်က ပြောထားသည်ဟုသိရသည်။
Ref: RT
Source: Myawady Web Portal