အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် ၎င်းတို့အကြား တယ်လီဖုန်းပြောဆိုမှုကို အတည်ပြု

News Image

  • အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် ၎င်းတို့အကြား တယ်လီဖုန်းပြောဆိုမှုကို အတည်ပြု

ထရမ့်နှင့် ရှီတို့၏ အဆိုပါစကားပြောဆိုမှုသည် အမေရိကန်နှင့် တရုတ်နိုင်ငံအတွက် အလွန်ကောင်းမွန်ကြောင်း ထရမ့်က ပြောကြားခဲ့ပါသည်။ ဆွေးနွေးချက်များထဲတွင် တရုတ်နိုင်ငံ၏ TikTok application နှင့် ကုန်သွယ်မှုပိုင်းများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဒေါ်နယ်ထရမ့် တို့သည် ယူကရိန်းအကျပ်အတည်းနှင့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတို့ကို ဖုန်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း၊ ထို့အပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့သည် အဓိကကိစ္စရပ်များအတွက် ပုံမှန် အဆက်အသွယ်များပြုလုပ်ရန် မဟာဗျူဟာကျသော ဆက်သွယ်ရေးလမ်းကြောင်းကို ထူထောင်ရန် သဘောတူညီခဲ့ကြကြောင်း China Central Television က ဖော်ပြထားပါသည်။

တွေ့ဆုံပွဲအပြီးတွင် အမေရိကန် ရွေးကောက်ခံသမ္မတက တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်အတူ ၎င်းသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် တတ်နိုင်သမျှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ကိုးကား - RIA Novosti