ဒေါ်နယ်ထရမ့်သည် အမေရိကန်ပြည်ထောင်စု၏ ၄၇ ဦးမြောက် သမ္မတဖြစ်လာ
အမေရိကန်ပြည်ထောင်စု၏ သမ္မတ ဒေါ်နယ်ထရမ့် သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက် ဝါရှင်တန် စံတော်ချိန် နေ့လယ် ၁၂ နာရီတွင် အမေရိကန် ပြည်ထောင်စု၏ ၄၇ ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ဝါရှင်တန်၏ ၁၉၈၅ ခုနှစ် နောက်ပိုင်း အအေးဆုံးရာသီဥတုအခြေအနေကြောင့် အဆိုပါ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို လွှတ်တော်အဆောက်အအုံ၏ ရှေ့ ဘက်မျက်နှာစာ၌ ပြုလုပ်ခြင်းမရှိတော့ဘဲ လွှတ်တော်အဆောက်အအုံတွင်းရှိ ခန်းမဆောင်၌ ခမ်းနားထည်ဝါစွာ ပြုလုပ်ခဲ့သည်။ ထို့နောက် သမ္မတဒေါ်နယ်ထရမ့်သည် ဝါရှင်တန်မြို့လယ်ရှိ Capital One Arena တွင် ပြုလုပ်သည့် ဆီးနိတ်လွှတ်တော် နေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့သည်။
သမ္မတဟောင်း ဂျိုးဘိုင်ဒင်သည်၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်၊ နေ့လယ်တွင် အမေရိကန်သမ္မတ ရာထူးကို သမ္မတဒေါ်နယ်ထရမ့်ထံ လွှဲပြောင်းပြီးနောက် ထရမ့်၏ ကျမ်းသစ္စာဆိုပွဲအပြီး ရဟတ်ယာဉ်ဖြင့် ထွက်ခွာသွားပါသည်။
ကိုးကား-CBS NEWS