ဂျပန်နိုင်ငံတွင် ကြက်၊ ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ကြက်ကောင်ရေ ၅ သန်းခန့်ကိုသုတ်သင်ရှင်းလင်းခဲ့ရ

News Image

  • ဂျပန်နိုင်ငံတွင် ကြက်၊ ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ကြက်ကောင်ရေ ၅ သန်းခန့်ကိုသုတ်သင်ရှင်းလင်းခဲ့ရ

ဂျပန်နိုင်ငံသည် ကြက်၊ ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုမြင့်တက်ခြင်းနှင့် ရင်ဆိုင်နေရပြီး ယခုလတစ်လအတွင်းမှာပင် ကြက်ကောင်ရေ ၅ သန်းခန့်ကို သုတ်သင်ရှင်းလင်းခဲ့ရကြောင်း သိရသည်။

ယခုရက်သတ္တပတ်အတွင်းမှာပင် မိုရီယိုကာမြို့ရှိ မွေးမြူရေးခြံနှစ်ခုတွင် ကြက်၊ ငှက်တုပ်ကွေးရောဂါထပ်မံဖြစ်ပွားခြင်းကြောင့် အာဏာပိုင်များက အီဝါတေးစီရင်စုအတွင်း ရောဂါပိုးကူးစက်မှု တုံ့ပြန်တားဆီးရေးအတွက် လုပ်ဆောင်ခဲ့ရကြောင်း စိုက်ပျိုးရေး၊  သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနက  ထုတ်ပြန်သည်။

ယခုအခါ နိုင်ငံအတွင်းရှိ စီရင်စု ၅ ခုအတွင်း  ရောဂါပိုးကူးစက်မှုဖြစ်ပွားသည့်မွေးမြူရေးခြံ ၂၆ ခုမှ ကြက်နှင့် ဘဲကောင်ရေ ၅ သန်းခန့်ကို အာဏာပိုင်များက သုတ်သင်ရှင်းလင်းခဲ့ရသည်။ထို့ပြင် ရောဂါပိုးကူးစက်မှုသည် နှေးကွေးမည့်အလားအလာမရှိဘဲ ပိုမိုဆိုးရွားလာနိုင်ကြောင်းဝန်ကြီးဌာနက သတိပေးထားသည်။

ကြက်၊ ငှက်တုပ်ကွေးရောဂါပိုးကူးစက်မှုများကြောင့်  ကြက်ဥဈေးနှုန်းသည် ယခုနှစ်အစပိုင်းမှစ၍   ၁၅   ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်းသိရသည်။

Source: Myawady Web Portal