တံတားဦးမြို့နယ်အတွင်း အခြေခံပညာကျောင်း၁၂၁ကျောင်းရှိ KG တန်း ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေး

News Image

  • တံတားဦးမြို့နယ်အတွင်း အခြေခံပညာကျောင်း၁၂၁ကျောင်းရှိ KG တန်း ကျောင်းသား/သူများအား ကျောင်းတွင်း အာဟာရကျွေးမွေး

တံတားဦး ၊ ဇန်နဝါရီ - ၂၈

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း (၁၂၁) ကျောင်းတွင် ပညာသင်ယူနေသောKG တန်းမှ ကျောင်းသား/ သူ ၂၄၃၂ဦးအား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ကျောင်းတွင်းအာဟာရကျွေးမွေးမှုကို ဇန်နဝါရီ ၂၆ ရက်နေ့၊ နံနက်ပိုင်းက တံတားဦးမြို့ မြို့မအခြေခံပညာ အလယ်တန်းကျောင်းတွင် ဆောင်ရွက်ကြောင်းသိရသည် ။

အဆိုပါကျောင်းတွင်း အာဟာရကျွေးမွေးသည့်နေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကို၊ တံတားဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တံတားဦး ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ မြို့မအခြေခံပညာအလယ်တန်းကျောင်း KGတန်းမှ ကျောင်းသား/ သူများအား အာဟာရကျွေးမွေးကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တံတားဦး အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ KGတန်းမှ ကျောင်းသား/သူ(၅၃)ဦးအား အာဟာရကျွေးမွေးခြင်းကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ 

အလားတူ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း(၁၂၁)ကျောင်းရှိ KGတန်းမှ ကျောင်းသား/ သူ ၂၄၃၂ ဦးအားကျောင်းတွင်း အာဟာရကျွေးမွေးခြင်းများပြုလုပ်ဆောင်ရွက်ကြကြောင်းသိရသည်။

ဦးရဲတင့်( ပြန်/ဆက်)

Source: တံတားဦး (ပြန်/ဆက်)