ကျောက်ဆည်မြို့နယ် အခြေခံသမဝါယမအသင်း ၆၃ သင်းမှ ဆောင်းနေကြာ ၈၇၈၄ ဧက စိုက်ပျိုးထား

News Image

  • ကျောက်ဆည်မြို့နယ် အခြေခံသမဝါယမအသင်း ၆၃ သင်းမှ ဆောင်းနေကြာ ၈၇၈၄ ဧက စိုက်ပျိုးထား

ကျောက်ဆည်   ဇန်နဝါရီ   ၃၀

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေးအတွက်ဆောင်းရာသီဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နေကြာ၊ နှမ်း သီးနှံများ  စိုက်ပျိုးကြောင်းနှင့်အခြေခံသမဝါယမအသင်း ၆၃ သင်းမှအသင်းသားတောင်သူ၂၃၃၉  ဦးက ဆောင်းနေကြာ ၈၇၈၄ ဧကစိုက်ပျိုးထားကြောင်း သိရသည်။

ထိုသို့ ဆောင်းနေကြာစိုက်ခင်းများ စိုက်ပျိုးရာတွင် ရွှေဝါမြေ၊ ကျီးအိပ်၊ ဒွေးလှ၊ ရွှေဆူးလေ၊ ကျားကာ၊ ကလေး၊ ဖျောက်ဆိပ်ပင်၊ ပဲခင်း၊ သင်ပျို၊ ရန်ဘက်လို၊ ပန်းဝတ်ရည်၊ ဘုံကွင်း၊ ရွှေဒါး၊ အရှေ့ငယ်တိုး၊ မှိုင်းပန် လယ်ယာမြေနှင့် အထွေထွေသမဝါယမ အသင်းသား၊ အသင်းသူ ၅၄၉ ဦးက  ၂၁၃၆ ဧက၊ ရတနာမွန်၊ ရောင်နီဦး၊ ပန်းခွာ၊ဆယ်သိန်း၊ အောင်ဇေယျ၊ ပနံ၊ ဒါန်းတိုင်၊မြင်စိုင်း၊   သုခစိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမ အသင်းသား၊   အသင်းသူ၃၄၄ ဦးက ၁၃၂၂ ဧက၊ ရွာတော်၊ ငါးလုံကုန်း၊ ညောင်ပင်ဇောက်၊   ဇရပ်ဖြူ၊  ငါးဆူ၊ ငွေပန်းကုန်း၊  ညောင်ဝန်း၊ မြင်းတွင်း၊ပတ္တာ၊ မြင်းချီနိုင်၊ မြင်းကဘက်၊ လက်ပံဇင်၊ ပေါင်လောင်လေး၊ ရွှေပေါက်ပင်၊ သံ-နောက်၊ ကင်း၊  တောင်တော်၊  မြေစိုမိုးကောင်း၊ လယ်ကြီး၊ တောတွင်၊ စိုက်မလန်း၊ ကိုးပင်၊ ရဲမအူ၊ ရွှေညောင်၊ န-ရွာနန်း၊ လက်ပံပင်၊ စွမ်းရည်၊ ရွှေအင်း၊ အင်ရောင်း၊ စပါယ်တော၊ ကောင်းတင်၊ စင်းကွန်း၊ ရွာသစ်၊ ရဲရွာ၊ ရှမ်းတောင်ဦး၊ ချောင်းဆုံ၊ ရဲဘော်ကြီး၊ ရေကြည်  စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသား၊  အသင်းသူ ၁၄၄၆ ဦးက ၇၄၆၂ ဧက   စိုက်ပျိုးထားသည်။

နေကြာစိုက်တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့်  နေကြာသီးနှံစိုက်ပျိုးရာတွင် ခက်ခဲမှုမရှိစေရေး မြို့နယ်သမဝါယမဦးစီးဌာနမှ နေကြာတစ်ဧကအတွက်  ငွေကျပ်နှစ်သိန်းနှင့်ညီမျှသောသွင်းအားစုများ ထုတ်ချေးပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရက စိုက်ပျိုးထုတ်လုပ်သူများအား လိုအပ်ချက်မရှိအောင်ကူညီဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့လုပ်ငန်းများ ပိုမိုအောင်မြင်ရေးကိုအားသွန်ခွန်စိုက်ကြိုးပမ်းရမည်ဖြစ်သည်။

အလားတူ ဆီထွက်သီးနှံများ အများဆုံးစိုက်ပျိုးသည့်  တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ပန်းတိုင်ရည်မှန်းချက်များအတိုင်းထွက်ရှိစေရေး ဆောင်ရွက်လျက်ရှိသဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံမှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်းသိရသည်။

Source: Myawady Web Portal