ဗီတာမင်ဒီ ဖြည့်စွက်ဆေးပုံမှန်စားပါက Dementia ဖြစ်နိုင်ခြေကို လျှော့ချနိုင်

News Image

  • ဗီတာမင်ဒီ ဖြည့်စွက်ဆေးပုံမှန်စားပါက Dementia ဖြစ်နိုင်ခြေကို လျှော့ချနိုင်

နယူးယောက်   ဖေဖော်ဝါရီ ၄

ဗီတာမင်ဒီဖြည့်စွက်ဆေးကို နေ့စဉ်ပုံမှန်သုံးစွဲပါက ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းမှုရောဂါ (Dementia) ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း ဖေဖော်ဝါရီ ၃ ရက် သတင်းများအရ သိရသည်။

Dementia ရောဂါသည် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးပိုင်းများတွင် ဖြစ်ပွားတတ်သော ဦးနှောက်ရောဂါတစ်မျိုးဖြစ်သည်။

Dementia ရောဂါဖြစ်ပွားရခြင်း၏ နောက်ခံအကြောင်းတရားများကို နိုင်ငံတကာဆေးပညာရှင်မျာအနေဖြင့် တိတိကျကျဖော်ထုတ်နိုင်မှုမရှိသေးသကဲ့သို့ ၎င်းရောဂါကို ပျောက်ကင်းစေသည့် ကုထုံးမျိုးလည်း မရှိသေးပေ။

သို့ရာတွင် အမေရိကန်သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ဗီတာမင်ဒီ ဖြည့်စွက်ဆေးများကို နေ့စဉ် ပုံမှန်သောက်သုံးခြင်းဖြင့် Dementia ရောဂါဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းထိလျှော့ချနိုင်ကြောင်း သိရသည်။

အမေရိကန်သုတေသနပညာရှင်များသည် အသက် ၇၁ နှစ်အရွယ် ပျမ်းမျှရှိသော လူပေါင်း ၁၂၃၈၈ ဦးတို့၏ဆေးမှတ်တမ်းများကို လေ့လာပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ဗီတာမင်ဒီ ဖြည့်စွက်ဆေးပုံမှန်သောက်သုံးသူများသည် မသောက်သုံးသူများထက် Dementia ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်း ပိုနည်းပါးကြောင်း အမေရိကန်သုတေသနပညာရှင်များက ပြောကြားသည်။

Ref: Sputnik News Trs: KKO

Source: ရတနာပုံသတင်းစာ