ရန်ကုန်မြို့ရှိ M-Tower ၌ ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ ကို ၂ ရက်ကြာကျင်းပမည်

News Image

  • ရန်ကုန်မြို့ရှိ M-Tower ၌ ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ ကို ၂ ရက်ကြာကျင်းပမည်

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းရှိ M-Tower ၌ ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ ကို ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် နံနက် ၁၀ နာရီမှနေ့လည် ၃ နာရီအထိ ၂ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲ၌ ဂျပန်နိုင်ငံရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ အသက်မွေးဝမ်းကျောင်းကောလိပ်များနှင့် ဂျပန်နိုင်ငံသင်တန်းကျောင်းများမှ တာဝန်ခံဆရာ၊ ဆရာမများကရှင်းလင်းပြောကြားမှုများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ MAJA Education Center၊ OJEIC တို့၏ ပါဝင်ဆွေးနွေးမှုများလည်းပါဝင်မည်ဖြစ်ကာ ဂျပန်-မြန်မာစကားပြန်များထားရှိပေးမည်ဖြစ်၍ တိုက်ရိုက်မေးမြန်းဆွေးနွေးမှုများပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဂျပန်စာသင်ကျောင်းများအကြောင်း မိတ်ဆက်ခြင်း၊ ဂျပန်ပညာတော်သင်ဆိုင်ရာသိကောင်းစရာများဟောပြောဆွေးနွေးခြင်း၊ ပညာသင်ထောက်ပံ့ကြေးဆိုင်ရာအခွင့်အလမ်းများ၊ တက္ကသိုလ်တက်ရောက်နိုင်မည့်အခြေအနေ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ အချိန်ပိုင်းအလုပ်များနှင့် ပညာတော်သင်ဆိုင်ရာအတွေ့အကြုံများကို ဆွေးနွေးပြောကြားမှုများလည်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံမှ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပညာတော်သင်ထောက်ပံ့ကြေးရရှိရန် MAJA နှင့် OJEIC အဖွဲ့အစည်းတို့မှ နှစ်စဉ်ပေးအပ်လေ့ရှိသော Scholarship Program များ၊ စာပေပြိုင်ပွဲများကိုလည်းရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျပန်ပညာရေးပြပွဲ(ရန်ကုန်) ၂၀၂၅ ကိုမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ Kyoto University of Advanced Science Chinzei Gakuin University ၊ Chinzei Gakuin University ၊ Yu Language Academy ၊ Okayama University ၊ Japan Education Information Center (OJEIC) Myanmar Association of Japan Alumni (MAJA)တို့မှ ပါဝင်ပြသဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Source: Popular Myanmar