အိုမီဂါ-၃ အားဖြည့်ဆေး တစ်နေ့တစ်လုံးသောက်ပါက ဇီဝသက်တမ်းအိုမင်းမှုကို လျှော့ချနိုင်

News Image

  • အိုမီဂါ-၃ အားဖြည့်ဆေး တစ်နေ့တစ်လုံးသောက်ပါက ဇီဝသက်တမ်းအိုမင်းမှုကို လျှော့ချနိုင်

ဘန်း    ဖေဖော်ဝါရီ ၅

အိုမီဂါ-၃ အားဖြည့်ဆေးတစ်နေ့တစ်လုံး ပုံမှန်သောက်ပါက ဇီဝသက်တမ်း အိုမင်းမှုအရှိန်ကို လျှော့ချပေးနိုင်ဖွယ်ရှိကြောင်း ဖေဖော်ဝါရီ ၄ ရက်သတင်းများအရ သိရသည်။

လူတို့၏ ကာလသက်တမ်း(Chronological age) သည် လူသားများ အသက်ရှင်နေထိုင်ခွင့်ရသည့် နေ့ရက်အရေအတွက်ကို ကိုယ်စားပြုပြီး ဇီဝသက်တမ်း (Biological age) ကမူ ဆဲလ်များ၏ သက်တမ်းအိုမင်းလာမှုကို ရည်ညွှန်းကြောင်း သိရသည်။

ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အိုမီဂါ-၃ ဖြည့်စွက်ဆေးများ တစ်နေ့တစ်လုံး ပုံမှန်သောက်သုံးပါက ဆဲလ်များ၏ ဇီဝသက်တမ်းအိုမင်းမှုအရှိန်ကို လျှော့ချနိုင်ကြောင်း သိရသည်။

ဆွစ်ဇာလန်သုတေသနပညာရှင်များသည် အိုမီဂါ-၃ ဖက်တီးအက်စစ်၏ အာနိသင်ကို ဆန်းစစ်ရေးအတွက် အသက် ၇၀ အထက် လူပေါင်း ၇၀၀ ကျော်တို့ဖြင့် လက်တွေ့စမ်းသပ်ကုသမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့် ရလဒ်များအရ အိုမီဂါ-၃ တစ်ဂရမ်ကို နေ့စဉ်ပုံမှန်သောက်သုံးသူများ၌ ဆဲလ်များ၏ ဇီဝသက်တမ်းမှာ လေးလကျော်ထိ ပြန်လည်နုပျိုသွားတတ်သည်ကိုတွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။ 

Source: ရတနာပုံသတင်းစာ