အသည်းရောဂါနှင့် ပတ်သက်သောဆေးဝါးများ နိုင်ငံတော်မှ အခမဲ့ပေးအပ်မည်
အသည်းရောဂါခံစားနေရသည့် ဝေဒနာရှင်များအတွက် အသည်းနှင့်ပတ်သက်သောဆေးဝါးများကို ယခု ဖေဖော်ဝါရီလမှစတင်ကာ နီးစပ်ရာမြို့နယ် ကျန်းမာရေးဌာနများ၌ အခမဲ့ပေးအပ်နေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထိုဆေးဝါးများသည် အသည်းအဆီဖုံးရောဂါ၊ အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာရောဂါ ဖြစ်စေနိုင်သော အသည်းရောင်အသားဝါ စီပိုး (Hepatitis-C) ရောဂါခံစားနေရသူများအား ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရောဂါရှင်များအနေဖြင့် အခမဲ့ဆေးဝါး ထောက်ပံ့မှုများ ကို ၃ လမှ ၆ လအထိ သောက်သုံးသွားရမည်ဖြစ်ပြီး ဆေးဝါးကုသမှု အခမဲ့ရယူလိုသော ဝေဒနာရှင်များသည် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ နီးစပ်ရာအစိုးရဆေးရုံ (သို့မဟုတ်) မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနများ၌ သွားရောက်ဆက်သွယ်နိုင်ကြောင်း သိရသည်။
လွန်ခဲ့သော ၂၀၂၄ ခုနှစ်အတွင်း၌ သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး၊ မြွေဆိပ်ဖြေဆေး၊ ခွေးရူးပြန် ရောဂါကာကွယ်ဆေးနှင့် ကိုဗစ်ကာကွယ်ဆေးများ အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဦးစီးဌာနအနေဖြင့် အခမဲ့ ထောက်ပံ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုးကား-NP News