မိုင်းဟဒေသမှ တရုတ်နိုင်ငံသား(၂၁)ဦးကို ထပ်မံဖမ်းဆီးရမိ

News Image

  • မိုင်းဟဒေသမှ တရုတ်နိုင်ငံသား(၂၁)ဦးကို ထပ်မံဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသတွင် တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား(၂၁)ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များက ဖေဖော်ဝါရီ ၅ ရက်မှစတင်ကာ မိုင်းဟဒေသအတွင်း တရားမဝင်အွန်လိုင်းလေ-ာင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများဆောင်ရွက်နေသည့် တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံသားများအား ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးခဲ့ကြသဖြင့် ဖေဖော်ဝါရီ ၉ ရက်တွင် တရားမဝင်အွန်လိုင်းလေ-ာင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား အမျိုးသား(၂၁)ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့၍ ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

မိုင်းဟဒေသအတွင်း ဖေဖော်ဝါရီ ၅ ရက်မှ ၉ ရက်အထိ တရားမဝင်အွန်လိုင်းလေ-ာင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများဆောင်ရွက်နေသည့် လုံခြုံရေးဆောင်ရွက်ပေးနေသူ (၅)ဦး၊ တရုတ်နိုင်ငံသားအမျိုးသား(၄၈)ဦး၊ အမျိုးသမီး(၂)ဦး၊ ဗီယက်နမ်နိုင်ငံသားအမျိုးသမီး (၁၈)ဦး၊ မြန်မာနိုင်ငံသားအမျိုးသား(၅)ဦး၊ အမျိုးသမီး(၂၉)ဦး(စုစုပေါင်း ၁၀၂ ဦး)တို့ကို ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့နှင့်အတူ တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်ရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံအလုံး(၂၆၀)၊ Laptop (၂၅)လုံး၊ Destop (၂၁)လုံး၊ Keyboard (၂၈)လုံး၊ Wifi စက်(၂)လုံး၊ Starlink (၇)လုံး၊ လက်နက်မျိုးစုံ(၇) လက်၊ ကွန်ပျူတာ(၇၂)လုံး၊ ငါးဂိမ်းစက်(၅)လုံး၊ ကား(၃)စီး၊ ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်မှ ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးနှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရေးတို့အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

Source: Popular Myanmar