မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ်သစ် ခန့်အပ်

News Image

  • မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ်သစ် ခန့်အပ်

ရန်ကုန်  ဖေဖော်ဝါရီ ၈

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၁၉ အမျိုးသားအသင်း နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား ယူဂျီဆေအိုကာကို ခန့်အပ်လိုက်ပြီဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းကို ပြီးခဲ့သည့်နှစ်အထိ ဦးအောင်နိုင်က နည်းပြချုပ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် လမ်းခွဲကာ ဂျပန်နည်းပြတစ်ဦး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ယူဂျီဆေအိုကာသည် ကစားသမားဘဝတွင် စင်ကာပူ၊ ထိုင်း၊ အိန္ဒိယစသည့် ကလပ်အသင်းများ၌ ကစားခဲ့ပြီး UEFA ပရိုနည်းပြလိုင်စင်ရရှိထားသူဖြစ်သည်။ ယူဂျီဆေအိုကာသည် မြန်မာ ယူ-၁၉ အသင်းနှင့်အတူ ၂၀၂၅ ခုနှစ်အတွင်း အာဆီယံ ယူ-၁၉ ပြိုင်ပွဲနှင့် အာရှဖလား ယူ-၂၀ ခြေစစ်ပွဲတို့တွင် ရလဒ်ကောင်းရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ ထို့ပြင် ယူဂျီဆေအိုကာသည် မြန်မာ ယူ-၂၂ အသင်းတွင် လက်ထောက်နည်းပြအဖြစ်ပါ ပူးတွဲဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အမျိုးသားအသင်းနှင့် ယူ-၁၉ အမျိုးသားအသင်းတို့အတွက် ဂျပန်လူမျိုးနည်းပြများကို နည်းပြချုပ်အဖြစ် တာဝန်ပေးခဲ့သည်။

Source: ကြေးမုံသတင်းစာ