တံတားဦးမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ
တံတားဦး ၊ ဖေဖော်ဝါရီ - ၁၂
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင် အခမ်းအနားကို တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမရှေ့၌ ယင်းနေ့ နံနက်(၅)နာရီခွဲ အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား လွှင့်တင်ရာတံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ ဌာန ဆိုင်ရာများစုစုပေါင်း(၉၅)ဦးတို့ တက်ရောက်ပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။
ထို့နောက် နံနက်(၇)နာရီတွင် တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမ၌ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကိုကျင်းပရာ ရှေးဦးစွာ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော်အပေါင်း အား တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အလေးပြုကြသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား တံတားဦးခရိုင် စီမံချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ဖတ်ကြား သည်။ ထို့နောက် တံတားဦးခရိုင် စီမံချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ၊ ကဗျာပြိုင်ပွဲ ၊ ပန်းချီပြိုင်ပွဲ ၊ ဆောင်းပါးပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား/ သူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည် ။
အဆိုပါအခမ်းအနားသို့ တံတားဦးခရိုင် စီမံချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည် ။
ဦးရဲတင့်( ပြန်/ဆက်)