လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီးအတွင်း လေပြင်းဘေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်

News Image

  • လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီးအတွင်း လေပြင်းဘေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၂-၂၀၂၅) ရက်နေ့တွင် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်း ကျေးရွာအုပ်စု၊ ပင်တောကျေးရွာရှိ သက်ကြီးရွယ်အို၊ အမျိုးသမီး ဦးဆောင်သည့် အိမ်၊ မသန်စွမ်း၊ လူဦးရေများပြီး ဆင်းရဲနွမ်းပါးသည့် မိသားစုနေအိမ်များအား ဦးစားပေးရွေးချယ်ပြီး လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် အားဖြည့်၊ မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ သစ္စာရှင် ပရဟိတအဖွဲ့နှင့် ပြည်သူလူထုများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါသည်။ 

Source:  DDM