ထောပတ်ကို အလွန်အကျွံစားသုံးပါက အချိန်မတန်ခင် သေဆုံးနိုင်ခြေ မြင့်မားနိုင်
နယူးယောက် မတ် ၉
ထောပတ်ကို အလွန်အကျွံစားသုံးပါက ရောဂါဘယတစ်မျိုးမျိုးကြောင့် အချိန်မတန်ခင် သေဆုံးနိုင်ခြေ မြင့်မားလာနိုင်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား၍ မတ် ၈ ရက်သတင်းများအရ သိရသည်။
အမေရိကန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ထောပတ်ကို အလွန်အကျွံစားသုံးသူများသည် အနည်းဆုံးစားသုံးသူများထက် ရောဂါဘယတစ်မျိုးမျိုးကြောင့် အချိန်မတန်ခင် သေဆုံးနိုင်ခြေ ၁၅ ရာခိုင်နှုန်းပိုမြင့်မားကြောင်း သိရသည်။
သို့ရာတွင် ထောပတ်အစားအစာ အပင်ထွက်အဆီဓာတ်များသက်တမ်းပို၍ ရှည်လျားနေတတ်ကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။
အမေရိကန် သုတေသနပညာရှင်များသည် လူပေါင်း ၂၀၀၀၀၀ ကျော်တို့၏ နှစ်ပေါင်း ၂၀ အတွင်း စားသောက်ခဲ့သော အစားအစာပုံစံများနှင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေများကို နှိုင်းယှဉ်လေ့လာခဲ့ကြသည်။
လေ့လာချက်မှ ပေါ်ထွက်လာသည့်ရလဒ်များအရ ထောပတ်အစား အပင်ထွက်အဆီများကို စားသုံးသူများမှာ ရောဂါဘယတစ်မျိုးမျိုးကြောင့် အသက်ဆုံးပါးနိုင်ခြေ ၂၀ ရာခိုင်နှုန်းခန့် ပုံမှန်ထက် ကျဆင်းသွားတတ်သည်ကို တွေ့ရကြောင်း သိရသည်။
ကိုးကား- ရတနာပုံသတင်းစာ