Ozempic နှင့် Wegovy ဆေးများကြောင့် ဆံပင်ကျွတ်နိုင်ခြေ မြင့်တက်လာနိုင်

News Image

  • Ozempic နှင့် Wegovy ဆေးများကြောင့် ဆံပင်ကျွတ်နိုင်ခြေ မြင့်တက်လာနိုင်

နယူးယောက်   မတ် ၁၄

Ozempic နှင့် Wegovy ကိုယ်အလေးချိန်လျှော့ချရေးဆေးများကြောင့် ဆံပင်ကျွတ်နိုင်ခြေမြင့်တက်လာနိုင်ကြောင်း မတ် ၁၃ ရက်သတင်းများအရ သိရသည်။

အမေရိကန် သုတေသနပညာရှင်များသည် Ozempic နှင့် Wegovy ထိုးဆေး သုံးစွဲသူများနှင့် အခြားကိုယ်အလေးချိန် လျှော့ချရေးဆေးများ သုံးစွဲနေကြသည့် လူပေါင်း ၃၀၀၀ ကျော်တို့ကို လေ့လာခဲ့ကြသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့်ရလဒ်များအရ Ozempic နှင့်Wegovy ဆေးသုံးစွဲသူများသည် အခြားကိုယ်အလေးချိန် လျှော့ချရေးဆေးသုံးစွဲသူများထက် ဆံပင်များကျွတ်ထွက်နိုင်ခြေ ၅၂ ရာခိုင်နှုန်း ပိုမြင့်မားသည်ကို တွေ့ရကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။

အထူးသဖြင့် Ozempic နှင့် Wegovy ထိုးဆေးသုံးစွဲသူ အမျိုးသမီးများမှာ အခြေားဆေးဝါးသုံးစွဲသူများးထက် ဆံပင်ကျွတ်နိုင်ခြေနှစ်ဆပိုများကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။

Ozempic နှင့် Wegovy ဆေးသည် သီတင်းတစ်ပတ်လျှင် နှစ်ပေါင်ထိ ကိုယ်အလေးချိန်လျှော့ချမှုနှုန်း မြန်ဆန်မှုကြောင့် ဆံပင်များ ကျွတ်ထွက်ရခြင်းဖြစ်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

ကိုယ်အလေးချိန်ကျဆင်းမှုလျင်မြန်ခြင်းကြောင့် ကိုယ်ခန္ဓာတွင် ဖိအားပေါ်ထွက်လာပြီး ဆံပင်များသဘာဝအလျောက် ပေါက်ပွားမှုပုံစံ ထိခိုက်သွားနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များ ပြောကြားသည်။

Source: ရတနာပုံသတင်းစာ