ဇူလိုင်လက ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာ၌ ထရမ့်လူထုမဲဆွယ်စည်းရုံးပွဲပြုလုပ်

News Image

  • ဇူလိုင်လက ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာ၌ ထရမ့်လူထုမဲဆွယ်စည်းရုံးပွဲပြုလုပ်

အမေရိကန် ရီပတ်ဘလီကင် သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် ဇူလိုင်လကပြုလုပ်ခဲ့သော လူထုစု‌ဝေးပွဲတစ်ခုအတွင်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဘတ်တလားတွင် လူထုမဲဆွယ်စည်းရုံးပွဲကို ထပ်မံ၍ လုပ်ဆောင်ခဲ့သည်။

သမ္မတဟောင်း ထရမ့်သည် စင်မြင့်တစ်ခု၌ စကားပြောနေစဉ် ၎င်း၏ ညာဘက်နားရွက်ကို ကျည်ဆံထိမှန်ခဲ့သည့် အဆိုပါနေရာသို့ အောက်တိုဘာ ၅ ရက်က ပြန်လည်သွား ရောက်ခဲ့ခြင်း ဖြစ်သည်။ 

သေနတ်ပစ်ခတ်မှုကြောင့် လူထုအစည်းအဝေး ၁၆ စက္ကန့်ကြာ ရပ်တန့်သွားခဲ့ရုံမှလွဲ၍ ထို သေနတ်သမား၏ ရည်မှန်းချက်မအောင်မြင်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုကို ဆင်းရဲမွဲတေမှု၊ မုန်းတီးမှုနှင့် အဖျက်လုပ်ရပ်တို့မှ ကယ်တင်ရန် မိမိတို့၏ ဇွဲမလျှော့သော သန္နိဋ္ဌာန်သည် ယင်း ဖြစ်စဉ်ကြောင့် ယိမ်းယိုင်သွားနိုင်စွမ်းမရှိကြောင်း ထရမ့်က ပြောကြားသည်။ 

သမ္မတရွေးကောက်ပွဲမတိုင်မီ တစ်လ အလိုတွင် ထရမ့်က ပြိုင်ပွဲ၏ ရလဒ်ကို အဆုံးအဖြတ် ပေးနိုင်သည့် ပြည်နယ်တွင် မဲအနိုင်ရရှိရန် ကြိုးစားမဲဆွယ်နေပုံရသည်။ အဆိုပါမဲဆွယ်စည်းရုံးပွဲတွင် ထရမ့်ကို ထောက်ခံသူများက တန်းစီစောင့်ဆိုင်းနေကြပြီး အချို့မှာ ထရမ့်၏ မိန့်ခွန်းမစမီ ၁၀ နာရီကျော်ကြာကတည်းက လာရောက်စောင့်ဆိုင်းခဲ့ကြသည်။ မဲဆွယ်စည်းရုံးပွဲစင်မြင့်ပေါ်သို့ ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်ခ်လည်း တက်ရောက်ခဲ့ပြီး မဲပေးရန်အတွက် လှုံ့ဆော်ခဲ့သည်။

အဆိုပါ လူထုတွေ့ဆုံပွဲကျင်းပရာ နေရာတစ်ဝိုက် အဆောက်အအုံများ၏ ခေါင်မိုးများပေါ်တွင် စနိုက်ပါသေနတ်သမားများနှင့် ထိုနေရာအနီးတွင် ရဲတပ်ဖွဲ့ဝင်အများအပြားကိုလည်း တပ်ဖြန့်ချထား ခဲ့သည်။

အင်န်အိတ်ချ်ကေ

Source- မြန်မာ့အလင်း