ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ မျောက်ကျောက်ရောဂါကာကွယ်ဆေး စတင်ထိုးပေး

News Image

  • ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ မျောက်ကျောက်ရောဂါကာကွယ်ဆေး စတင်ထိုးပေး

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဂိုမာမြို့၌ အောက်တိုဘာ ၅ ရက်မှစတင်ကာ မျောက်ကျောက်ရောဂါ ကာကွယ်ဆေးထိုးနှံမှု စတင်ခဲ့ကြောင်း သိရသည်။ ကနဦးတွင် ကျန်းမာရေးဝန်ထမ်းများနှင့် မျောက်ကျောက်ရောဂါ တိုက်ဖျက်ရေးရှေ့တန်းမှ ပါဝင်ကြသည့် လုပ်သားများကို အဓိကထား၍ ကာကွယ်ဆေးထိုးသည့် အစီအစဉ်ဖြစ်ကြောင်း ကျန်းမာရေး အာဏာပိုင်များက ပြောသည်။

ထို့ပြင် အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသူများ အခြားသော ထိခိုက်လွယ်သည့် အသက် အပိုင်းအခြားအုပ်စုများကို ကာကွယ်ဆေးထိုးပေးသွားမည်ဟု သိရသည်။ ကာကွယ်နိုင်ပြီး ကုသ၍ ရနိုင်သော ရောဂါကို အလုံးစုံတိုက်ဖျက်သွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းအကြီး အကဲဖြစ်သူ ရိုမိန်းမူဘိုရာရီ က ကာကွယ်ဆေးစတင်ထိုးနှံပေးသည့် ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံသည် မျောက်‌ကျောက်ရောဂါဖြစ်ပွားမှု၏ အဓိကဗဟို ချက်မနေရာဖြစ်ပြီး အာဖရိကဒေသ ရောဂါဖြစ်ပွားမှု၏ ၉၀ ရာခိုင်နှုန်းမှာ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ပြောကြားချက်အရ သိရသည်။ 

မျောက်ကျောက်ရောဂါသည် မျောက်ကျောက်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားကူးစက်သည့် ရောဂါဖြစ်ပြီး ဖျားနာခြင်း၊ ရောင်ရမ်းခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားများနာကျင် ကိုက်ခဲခြင်း၊ ခါးနာခြင်း၊ အရေပြားများနီမြန်းခြင်း အစရှိသည့် ရောဂါလက္ခဏာများရှိသည်။

ဆင်ဟွာ

Source- ကြေးမုံ