တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေစဉ်အတွင်း စာစစ်ဌာနအနီးရှိ နေအိမ်များအား မီးဘေးလုံခြုံရေးလုပ်ငန်းကွင်းဆင်းစစ်ဆေး

News Image

  • တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေစဉ်အတွင်း စာစစ်ဌာနအနီးရှိ နေအိမ်များအား မီးဘေးလုံခြုံရေးလုပ်ငန်းကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ ပွင့်လင်းရာသီ ရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကင်းဝေးရေးနှင့် မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေး၊ မီးဘေး သတိရှိရေး စသည်တို့ကို ရည်ရွယ်ပြီးမီးဘေးအန္တရာကြိုတင်ကာကွယ်ရေးအတွက် မတ်လ ၁၈ ရက်၊ နံနက် (၁၀) နာရီ အချိန်က ၂၀၂၄-၂၀၂၅ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေစဉ်အတွင်း စာစစ်ဌာနအနီးရှိ နေအိမ် များအား မီးဘေးလုံခြုံရေးလုပ်ငန်းကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြကြောင်းသိရသည် ။

ထိုသို့အသိပေးနှိုးဆော်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်သူအောင် ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များနှင့်အတူ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဖိုများကို သတ်မှတ်ချိန်အတွင်းသာ မီးကို အသုံးပြုကြစေလိုကြောင်း၊ ထို့အပြင် နေအိမ်များတွင် မီးလောင်လွယ်သော လောင်စာများမထားရှိရေး၊ မီးချိတ် ၊ မီးကတ် ၊ သဲ ၊ ရေ ၊ လှေကားနှင့် မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိရေး တို့ကို အကြံပြုဆွေးနွေး စစ်ဆေးခဲ့ကြောင်းသိရသည်။

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများမီးဘေးလုံခြုံရေးအတွက် ရပ်ကွက်ကျေးရွာများသို့ တစ်အိမ်တက် တစ်အိမ်ဆင်းစစ်ဆေးခြင်း၊ မြို့မဈေးစစ်ဆေးခြင်း၊ စက်သုံးဆီဆိုင်များစစ်ဆေးခြင်း၊ ဌာနဆိုင်ရာများ မီးဘေး အန္တရာယ်သရုပ်ပြခြင်း ၊ ပြည်သူလူထုအတွင်းမီးဘေးလုံခြုံရေး စိမ့်ဝင်ပျံ့နှံ့စေရန် အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဦးရဲတင့် (ပြန် / ဆက်)

၀၉-၇၉၇၄၃၈၃၀၅