“၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်
နိုင်ငံရေးအပြောင်းအလဲနှင့်အတူ နိုင်ငံတော်၏ အခြေအနေမှန်ကို ကမ္ဘာက သိရှိစေပြီး မြန်မာနိုင်ငံအပေါ် နားလည်မှု၊ စာနာမှုများဖြင့် ပူးပေါင်းဆောင်ရွက်လာစေရန်၊ မဟုတ်မမှန်စွပ်စွဲ ပြောဆိုမှုများကို တန်ပြန်ချေဖျက်၍ နိုင်ငံ့ပုံရိပ်မြှင့်တင်ရန်နှင့် ၂၀၂၅ ခုနှစ်အလွန် ပြောင်းလဲလာနေသည့် ကမ္ဘာ့အခင်းအကျင်းဖြစ်သော ဗဟုဝင်ရိုးကမ္ဘာ(Multipolar World)တွင် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအား သိရှိပြီး ကြိုတင်ပြင်ဆင်နိုင်မည့် နည်းလမ်းများရရှိစေရန် ရည်ရွယ် ကျင်းပသည့် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့ လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ”၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက် (သောကြာနေ့) နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟို ဌာန(၁) MICC(I)၌ ကျင်းပမည် ဖြစ်သည်။
အဆိုပါဖွင့်ပွဲအခမ်းအနားကျင်းပပုံများကို ယင်းနေ့နံနက် ၈ နာရီ ၁၅ မိနစ်မှ စတင်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV-HD၊ MRTV News၊ MRTV Parliament၊ MITV နှင့် MWD - HD Channel၊ MWD Variety –HD Channel တို့မှလည်းကောင်း၊ မြန်မာ့အသံရေဒီယိုနှင့် FM များ ဖြစ်ကြသည့် ပတ္တမြား၊ ချယ်ရီ၊ ပဉ္စဝတီ၊ မန္တလေး၊ ရွှေ၊ ပုဂံ၊ Star နှင့် သဇင် FM တို့မှလည်းကောင်း၊ MOI Website၊ MOI Youtube၊ MRTV Website၊ MRTV App: Radio App: နှင့် Online Media တို့မှ လည်းကောင်း တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ကိုးကား-myawady.net.mm
Photo: MOI