သစ်သီးဝလံ၊ အမျှင်ဓာတ်၊ နို့ထွက်ပစ္စည်းနှင့် ကဖင်းဓာတ်များ စားသုံးပေးပါက နားအူမှုပြဿနာခံစားရနိုင်ခြေ လျှော့ချနိုင်
ပေကျင်း မတ် ၂၁
သစ်သီးဝလံ၊ အမျှင်ဓာတ်၊ နို့ထွက်ပစ္စည်းနှင့် ကဖင်းဓာတ်များ စားသုံးပေးပါက နားအူမှုပြဿနာခံစားရနိုင်ခြေကို လျှော့ချနိုင်ကြောင်း မတ် ၂၀ ရက် သတင်းများအရ သိရသည်။
တရုတ် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ကဖင်း၊ သစ်သီးဝလံ၊ အမျှင်ဓာတ်နှင့် နို့ထွက်ပစ္စည်းများ စားသုံးခြင်းဖြင့် နားအူမှုပြဿနာပေါ်လာနိုင်ခြေကို ၃၅ ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း သိရသည်။
အထက်ပါ အစားအစာများသည် သွေးစီးဆင်းမှုနှင့် အင်ဆူလင်ဟော်မုန်းတုံ့ပြန်နိုင်စွမ်းတို့ကို မြှင့်တင်ပေးနိုင်ပြီး နားအတွင်း ရောင်ရမ်းမှုပြဿနာ ပေါ်လာနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ဖွယ်ရှိသည်ဟု တရုတ်သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။
တရုတ် သုတေသနပညာရှင်များသည် လူပေါင်း ၁၀၀၀၀၀ ကျော်ပါဝင်သည့် လေ့လာချက်များမှ ပေါ်ထွက်လာသော ရလဒ်များကို စိစစ်ခဲ့ပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ