အစာခြေလမ်းကြောင်းစနစ် ကျန်းမာရေးကို မြှင့်တင်ပေးသည့် ဓာတ်စာပုံစံက ဆီးကျိတ်ကင်ဆာ ရောဂါတိုးနှုန်းကို ထိန်းထားနိုင်

News Image

  • အစာခြေလမ်းကြောင်းစနစ် ကျန်းမာရေးကို မြှင့်တင်ပေးသည့် ဓာတ်စာပုံစံက ဆီးကျိတ်ကင်ဆာ ရောဂါတိုးနှုန်းကို ထိန်းထားနိုင်

လန်ဒန်   မတ် ၂၅

ပန်းဂေါ်ဖီစိမ်း၊ လက်ဖက်စိမ်းနှင့် ဇီဝအကျိုးပြုအစားအစာများပါဝင်သည့် အစာခြေလမ်းကြောင်းစနစ် ကျန်းမာရေးကို မြှင့်တင်ပေးသော ဓာတ်စာများ စားသုံးခြင်းဖြင့် ဆီးကျိတ်ကင်ဆာ ရောဂါတိုးလာမှုကို ထိန်းထားနိုင်ကြောင်း မတ် ၂၄ ရက် သတင်းများအရ သိရသည်။

ဗြိတိန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ အစာခြေလမ်းကြောင်းစနစ် ကျန်းမာရေးကို မြှင့်တင်ပေးသည့် ဓာတ်စာများစားသုံးသူ ဆီးကျိတ်ကင်ဆာလူနာများ၌ ရောဂါတိုးနှုန်းမှာ ၄၂ ရာခိုင်နှုန်း ပို၍ နှေးကွေးကြောင်း သိရသည်။

မိမိတို့၏ လေ့လာတွေ့ရှိချက်အရ အမျိုးသားများအနေဖြင့် ဆီးကျိတ်ကင်ဆာရောဂါကို ဓာတ်စာ ပုံစံ ရွေးချယ်စားသုံးခြင်းဖြင့် ထိန်းချုပ်ထားနိုင်ဖွယ်ရှိသည်ကို တွေ့ရကြောင်း ဗြိတိန် သုတေသနပညာရှင်များက ပြောကြားသည်။

ဗြိတိန် သုတေသနပညာရှင်များသည် ဆီးကျိတ်ကင်ဆာလူနာ ၂၀၀ ကျော်တို့ကို ဇီဝအကျိုးပြု အားဖြည့်ဆေးတစ်မျိုးနှင့် Phytochemical ခေါ် ဓာတုဒြပ်ပေါင်းတစ်မျိုးတို့ကို လက်တွေ့ တိုက်ကျွေးစမ်းသပ်ခဲ့ကြသည်။

စမ်းသပ်မှုမှ ပေါ်ထွက်လာသည့် ရလဒ်များအရ အထက်ပါလူနာများ၌ ဆီးကျိတ်ကင်ဆာ ရောဂါတိုးနှုန်းမှာ ၄၂ ရာခိုင်နှုန်းနှေးကွေးသွားသည်ကို တွေ့ရကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ