သီရိလင်္ကာနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူပေါင်း ၄၀၀၀၀ ကျော်နှင့် သေဆုံးသူ ၁၉ ဦးရှိ

News Image

  • သီရိလင်္ကာနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူပေါင်း ၄၀၀၀၀ ကျော်နှင့် သေဆုံးသူ ၁၉ ဦးရှိ

သီရိလင်္ကာနိုင်ငံ၌ ယခုနှစ်အတွင်း လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ပေါင်း ၄၀၀၀၀ ကျော်ရှိကြောင်း အမျိုးသားသွေးလွန်တုပ်ကွေးရောဂါ ထိန်းချုပ်ရေးဌာန၏ အင်္ဂါနေ့ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

အဆိုပါဌာနက သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း ၄၀၁၀၉ ဦး ရှိကြောင်း နှင့် သေဆုံးသူ ၁၉ ဦး ရှိကြောင်း ပြောသည်။ သွေးလွန်တုပ်ကွေးရောဂါအဖြစ်အများဆုံး ပြည်နယ်မှာ အနောက်ပိုင်းပြည်နယ်ဖြစ်ပြီး ရောဂါကူးစက်ဖြစ်ပွားမှုပေါင်း၏ ၄၂ ဒသမ ၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ထို့အပြင် မြောက်ပိုင်းပြည်နယ်မှာ ဒုတိယမြောက် သွေးလွန်တုပ်ကွေးရောဂါအဖြစ် အများဆုံးဖြစ်ပြီး ၁၂ ရာခိုင်နှုန်းရှိကြောင်းနှင့် အလယ်ပိုင်းပြည်နယ်မှာ တတိယမြောက် သွေးလွန် တုပ်ကွေးရောဂါ အဖြစ်အများဆုံးဖြစ်ပြီး ၁၀ ဒသမ ၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

အနောက်ပိုင်းပြည်နယ်တွင် ရောဂါကူးစက်ဖြစ်ပွားမှု အများဆုံးမှာ ကိုလံဘိုခရိုင်မှ ဖြစ်ပြီး ၁၀၀၂၇ ဦး ရှိသည်ဟု ဆိုသည်။

ဆင်ဟွာ

Source- မြန်မာ့အလင်း