ဆေးခြောက်အလွန်အကျွံသုံးစွဲသူများ Dementia ဖြစ်နိုင်ခြေမြင့်တက်နိုင်

News Image

  • ဆေးခြောက်အလွန်အကျွံသုံးစွဲသူများ Dementia ဖြစ်နိုင်ခြေမြင့်တက်နိုင်

အော့တဝါ  ဧပြီ ၂၁

ဆေးခြောက်အလွန်အကျွံသုံးစွဲသူ သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းများအနေဖြင့် နှစ်အတန်ငယ်အတွင်း ဦးနှောက်စွမ်းဆောင်ရည် ထိခိုက်ပျက်စီးမှုရောဂါ (Dementia) ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း ဧပြီ ၂၀ ရက် သတင်းများအရ သိရသည်။

ဆေးခြောက်သုံးစွဲမှုကြောင့် ဆေးရုံတက်ခဲ့ရသည့် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းလူနာများ၌ နောင်ငါးနှစ်အတွင်း Dementia ရောဂါဖြစ်နိုင်ခြေ ပုံမှန်ထက် ၇၂ ရာခိုင်နှုန်း မြင့်တက်နေတတ်ကြောင်း ကနေဒါသုတေသနပညာရှင်များက ပြောကြားသည်။

ဆေးခြောက်ကို ကာလရှည်အလွန်အကျွံသုံးစွဲမှုကြောင့် သက်လတ်ပိုင်းအရွယ်၌ ဦးနှောက်ကျန်းမာရေးပြဿနာများပေါ်လာနိုင်ခြေ မြင့်မားလာတတ်ကြောင်း ကနေဒါ သုတေသန ပညာရှင်များ က သုံးသပ်ထားသည်။

အထူးသဖြင့် မိမိတို့၏ လေ့လာတွေ့ရှိချက်အရ ဆေးရုံတက်ရလောက်သည်ထိ ဆေးခြောက်ကို အလွန်အကျွံ သုံးစွဲတတ်သော သက်ကြီးပိုင်းများ၌ Dementia ဖြစ်နိုင်ခြေမှာ နှစ်အနည်းငယ်အတွင်း မြင့်တက်လာနိုင်ကြောင်း သိရသည်။

ဆေးခြောက် ပုံမှန်သုံးစွဲမှုကြောင့် ဦးနှောက်ဖွဲ့စည်းတည်ဆောက်ပုံ ပြောင်းလဲသွားတတ်ပြီး Dementia ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များက သုံးသပ်ထားသည်။

Source: ရတနာပုံသတင်းစာ