အီး-စီးကရက်သောက်ခြင်း‌က အဆုတ်ရောဂါနဲ့သွေးတိုးရောဂါကိုဖြစ်ပွားစေ

News Image

  • အီး-စီးကရက်သောက်ခြင်း‌က အဆုတ်ရောဂါနဲ့သွေးတိုးရောဂါကိုဖြစ်ပွားစေ

ဂျွန်ဟော့ကင်းဆေးတက္ကသိုလ်က ဦးဆောင်တဲ့ သုတေသနတစ်ခုမှာ လူပေါင်း နှစ်သိန်းခွဲနီးပါးကို လေးနှစ်ကြာလေ့လာမှု လုပ်ခဲ့ပါတယ်။ အဲဒီလေ့လာမှုကနေ တွေ့ရှိလိုက်ရတဲ့အချက်ကတော့ လူငယ်တွေ ကြားမှာရေပန်းစားလာတဲ့ အီး-စီးကရက် အသုံးပြုမှုနဲ့ဆက်စပ်နေပါတယ်။

သူတို့လေ့လာချက်မှာတွေ့ရှိလိုက်ရတာက အီး-စီးကရက် အသုံးပြုသူများဟာ နာတာရှည် အဆုတ်ရောဂါကို သာမက သက်လတ်ပိုင်းတွေမှာဆိုရင် သွေးတိုးရောဂါကိုပါခံစားရနိုင်တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒီလေ့လာချက်က သိပ်ကို အရေးကြီးပါတယ်။

ပထမတစ်ချက်က ဂျွန်ဟော့ကင်းဆိုတဲ့ တက္ကသိုလ်ကြီးကနေ   ဦးစီးပြီးလုပ်တဲ့ သုတေသန ဖြစ်နေတာရယ်၊ အဲဒီသုတေသနထဲမှာ လူပေါင်းနှစ်သိန်းခွဲနီးပါးပါဝင်နေတာရယ်၊ အချိန်အားဖြင့်လေးနှစ်ခန့် ကြာတာရယ်တို့ကြောင့် အီး-စီးကရက် အသုံးပြုသူများမှာ နာတာရှည်အဆုတ် ရောဂါအပြင် သွေးတိုးရောဂါပါခံစားရမယ်ဆိုတာ အသေအချာပါပဲ။

ဒီအတွက်ကြောင့် အီး-စီးကရက်ကို အသုံးပြုသည်ဖြစ်စေ၊ သမားရိုးကျဆေးရွက်ကြီးသုံး စီးကရက်ကိုသောက်သည် ဖြစ်စေ ရောဂါဖြစ်ပွားနိုင်တဲ့အခြေအနေ ကတော့ အတူတူပဲဆိုတာကို ထပ်မံတွေ့ ရှိရပါတယ်။ ကမ္ဘာမှာ အီး-စီးကရက်ဆိုတာ သမားရိုးကျစီးကရက်ပြီးရင် အသုံးပြုမှုအများဆုံးဖြစ်လာပါတယ်။ 

 Ref: STD

K.H

Source: https://myawady.net.mm/