အသက်ကိုကယ်ပေးနိုင်မှာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာ

News Image

  • အသက်ကိုကယ်ပေးနိုင်မှာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာ

ဘရာဇီးနိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့မှ သုတေသနပညာရှင်များက လူသားများ အတွက်အကျိုးရှိစေမယ့် သုတေသနတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီသုတေ သနမှာတော့ ပျော်ဝင်လွယ်သောအမျှင် ဓာတ်ပါတဲ့ အစားအစာများကို စားသုံးပေး ခြင်းအားဖြင့် အူလမ်းကြောင်းမှာ ဗက်တီးရီးယားတွေ ဝင်ရောက်ခြင်းကို ကာကွယ် ပေးနိုင်တယ်ဆိုတာ တွေ့လိုက်ရပါတယ်။

သုတေသနပညာရှင်များဟာ အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်လူဦးရေ ၅ သိန်းဝန်းကျင်ဆီကိုကူးစက်လျက်ရှိတဲ့ Clostridioides difficile ဆိုတဲ့ဗက်တီးရီးယားကို အဓိကထား စမ်းသပ်မှုလုပ်ခဲ့တာပါ။ စမ်းသပ်မှုမှာတော့ ဗက်တီးရီးယား ကူးစက်ခံထားရတဲ့ ကြွက်တွေနဲ့စမ်းသပ်ခဲ့တာပါ။ အဲဒီဗက်တီးရီးယားဟာ အူမကြီး ရောင်ရမ်းတဲ့ရောဂါနဲ့ ဝမ်းလျှောရောဂါကို ဖြစ်ပွားစေတာဖြစ်ပါတယ်။

သုတေသနပညာရှင်များက  အဲဒီဗက်တီးရီးယား ကူးစက်ခံထားရတဲ့ ကြွက်တွေကို အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကျွေးမွေးပြီး စောင့်ကြည့်မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီလိုအစားအစာတွေကျွေးမွေးလိုက်တဲ့အခါ ကြွက်တွေဟာဗက်တီး ရီးယားကူးစက်မှုကို ခံနိုင်ရည်ရှိလာတာ တွေ့ရပါတယ်။ အထူးသဖြင့် အမျှင်ဓာတ် ကြွယ်ဝတဲ့အစားအစာတွေကို အစာချေခြင်းကနေ ထွက်ရှိလာတဲ့ အက်စီတိတ်ဒြပ်ပေါင်းက ဗက်တီးရီးယား ကူးစက်မှုကို ကာကွယ်ပေးတာဖြစ်ပါတယ်။

Source: https://myawady.net.mm/