အပင်ထွက်အစားအစာရေရှည်စားသုံးသူထက်ဝက်ခန့်တွင် အာဟာရဓာတ်ဆိုင်ရာ ကျန်းမာရေးပြဿနာများရှိနေနိုင်

News Image

  • အပင်ထွက်အစားအစာရေရှည်စားသုံးသူထက်ဝက်ခန့်တွင် အာဟာရဓာတ်ဆိုင်ရာ ကျန်းမာရေးပြဿနာများရှိနေနိုင်

ဝယ်လင်တန်  ဧပြီ ၂၂

အပင်ထွက်အစားအစာအဓိကစားသုံးသူများအနက် ထက်ဝက်ခန့်တွင် ကြွက်သားဆုံးရှုံးမှုပြဿနာကဲ့သို့ အာဟာရဓာတ်ဆိုင်ရာကျန်းမာရေးပြဿနာများရှိနေနိုင်ကြောင်း ဧပြီ ၂၁ ရက်သတင်းများအရ သိရသည်။

နယူးဇီလန် သုတေသနပညာရှင်များသည် အပင်ထွက်အစားအစာများ ရေရှည်စားသုံးသူ ၂၀၀ ခန့်တို့ကို လေ့လာစောင့်ကြည့်ခဲ့ကြသည်။

လေ့လာချက်မှပေါ်ထွက်လာသည့်ရလဒ်များအရ အထက်ပါစမ်းသပ်မှုတွင် ပါဝင်ခဲ့ကြသူများအနက် ၅၀ ရာခိုင်နှုန်းခန့်မှာ Lysine နှင့် Leucine ခေါ် အထူးအရေးကြီးသော အမိုင်နိုအက်စစ်နှစ်မျိုး ချို့တဲ့နေသည်ကိုတွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

Lysine နှင့် Leucine အမိုင်နိုအက်စစ်များသည် ကြွက်သားများကို တည်ဆောက်၊ ထိန်းသိမ်းရာတွင် အရေးကြီးသော အမိုင်နိုအက်စစ်များဖြစ်ကြသည်။

သို့ဖြစ်ရာ အပင်ထွက်အစားအစာ ရေရှည်စားသုံးသူများအနေဖြင့် Lysine နှင့် Leucine အမိုင်နိုအက်စစ်များ ချို့တဲ့မှုကြောင့် ကြွက်သားဆုံးရှုံးမှုကဲ့သို့ ပြဿနာများရှိလာနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

အထက်ပါ အမိုင်နိုအက်စစ်နှစ်မျိုးသည် အသားနှင့်ဥကဲ့သို့ တိရစ္ဆာန်ထွက်အစားအစာများ၌ ပေါများစွာပါဝင်တတ်သော အမိုင်နိုအက်စစ်များ ဖြစ်ကြကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ