ရှားပါးသည့် မျိုးဗီဇပြဿနာတစ်ရပ်ကြောင့် အော်တစ်ဇင်ရာဂါဖြစ်ပွားနိုင်ဖွယ်ရှိ

News Image

  • ရှားပါးသည့် မျိုးဗီဇပြဿနာတစ်ရပ်ကြောင့် အော်တစ်ဇင်ရာဂါဖြစ်ပွားနိုင်ဖွယ်ရှိ

နယူးယောက်   ဧပြီ ၂၄

ရှားပါးသည့် မျိုးဗီဇပြဿနာတစ်ရပ်ကြောင့် အော်တစ်ဇင်ရောဂါ ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း သုတေသနပညာရှင်များက ဧပြီ ၂၃ ရက်တွင် ပြောကြားသည်။

အမေရိကန်နိုင်ငံ နီဗားဒါးလပ်စ်ဗီးဂတ်စ် တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ အဆိုအရ Myotonic Dystrophy Type 1 (DM1) ‌ခေါ် မျိုးဗီဇပြဿနာတစ်ရပ်ရှိနေသော ကလေးများမှာ ပုံမှန်ကလေးများထက် အော်တစ်ဇင်ရောဂါဖြစ်နိုင်ခြေ ၁၄ ဆ ပိုမြင့်မားနေတတ်ကြောင်း သိရသည်။

မိဘများထံမှ တစ်ဆင့်ခံရရှိသည့် မျိုးဗီဇပြဿနာဖြစ်သော DM 1 မျိုးဗီဇပြဿနာသည် ကလေးဘဝ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် သတင်းအချက်အလက် စီစဉ်နိုင်စွမ်းတို့အပေါ် အကျိုးသက်ရောက်မှုရှိနေကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

DM1 မျိုးဗီဇရောဂါကြေင့် ကလေးများ၏ ပြောဆိုဆက်ဆံမှု၊ အပြုအမူ၊ လူမှုတုံ့ပြန်ပုံတို့နှင့် ဆက်စပ်နေသည့် ဦးနှောက်အာရုံနာ့ဗ်ဆဲလ်သတင်းပို့လမ်းကြောင်းများ ပြောင်းလဲသွားနိုင်သည်ဖြစ်ရာ DM1 သည် အော်တစ်ဇင်ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းတရားတစ်ရပ်ဖြစ်နိုင်သည်ဟု သုတေသနပညာရှင်များက သုံးသပ်ထားကြောင်း သိရသည်။

သို့ရာတွင် DM1 မျိုးဗီဇရောဂါသည် အော်တစ်ဇင်ရောဂါထက်ပင် ပို၍ရှားပါးကြောင်း သုတေသနပညာရှင်များက ဝန်ခံထားသည်။

Source: ရတနာပုံသတင်းစာ