အသည်းအဆီဖုံးရောဂါဖြစ်နိုင်ခြေ ရှိ၊ မရှိ သွေးစစ်နည်းတစ်မျိုးဖြင့် ကြိုတင်ခန့်မှန်းနိုင်
ပေကျင်း ဧပြီ ၂၈
သွေးစစ်နည်း ပုံစံတစ်မျိုးဖြင့် အသည်းအဆီဖုံးရောဂါဖြစ်နိုင်ခြေ ရှိ၊ မရှိကို ရောဂါလက္ခဏာများမပေါ်မီ ကြိုတင်ခန့်မှန်းထားနိုင်ကြောင်း ဧပြီ ၂၇ ရက် သတင်းများအရ သိရသည်။
အဆိုပါ သွေးစစ်နည်းသည် ပရိုတင်းငါးမျိုးကို ရှာဖွေတိုင်းတာပေးခြင်းဖြင့် အသည်းအဆီဖုံးရောဂါဖြစ်နိုင်ခြေ ရှိ၊ မရှိကို တိကျစွာ ထောက်လှမ်းပေးနိုင်ကြောင်း တရုတ်သုတေသနပညာရှင်များက ပြောကြားသည်။
တရုတ်သုတေသနပညာရှင်များ၏ လက်တွေ့စမ်းသပ်မှုများအရ ပရိုတင်းငါးမျိုး သွေးစစ်နည်းသည် အသည်းအဆီဖုံးရောဂါဖြစ်နိုင်ခြေကို ရောဂါလက္ခဏာမပေါ်မီ ငါးနှစ်အလိုတွင် ၈၄ ရာခိုင်နှုန်းတိကျစွာ ခန့်မှန်းနိုင်ကြောင်း သိရသည်။
တရုတ် သုတေသနပညာရှင်များသည် လူပေါင်း ၅၀၀၀ ထံမှရယူထားသည့် သွေးနမူနာများထဲမှ ပရိုတင်းအမျိုးအစား ၂၇၀၀၀ ကျော်ကို လေ့လာခဲ့ရာ ငါးမျိုးမှာ အသည်းအဆီဖုံးရောဂါ၏ ရှေ့ပြေးလက္ခဏာများဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ကြသည်။
အသည်းအဆီဖုံးရောဂါသည် ကိုယ်တွင်းအဆီများ စတင်စုစည်းချိန်တွင် ဖြစ်ပွားတတ်သည့် ရောဂါဖြစ်ကြောင်း သိရသည်။
Source: ရတနာပုံသတင်းစာ