လားရှိုးတွင် တပ်မတော်ပြန်လည်ထိန်းချုပ်ပြီး (၁၀)ရက်အကြာတွင် ဌာနဆိုင်ရာရုံးများစတင်လည်ပတ်နေ

News Image

  • လားရှိုးတွင် တပ်မတော်ပြန်လည်ထိန်းချုပ်ပြီး (၁၀)ရက်အကြာတွင် ဌာနဆိုင်ရာရုံးများစတင်လည်ပတ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးတွင် တပ်မတော်ပြန်လည်ထိန်းချုပ်ပြီးနောက် (၁၀)ရက်အကြာ၌ ဌာနဆိုင်ရာရုံးများ တွင်တွင် ကျယ်ကျယ်စတင်လည်ပတ်နေပြီဖြစ်ကြောင်း ဒေသခံများထံ NP News သတင်းဌာနက မေးမြန်းထားသည့် အချက်လက်များအရ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ရက်က စတင်၍ လားရှိုးမြို့အတွင်းသို့ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အရပ်သား ပြည်သူ အများအပြားပြန်လည်ဝင်ရောက်လာပြီးနောက် (၁၀)ရက်အကြာ (မတ်လ ၂ရက်)တွင်လားရှိုးမြို့အတွင်းရှိ လားရှိုးမြို့ဆေးရုံ ကြီးအပါအဝင် အစိုးရဌာန ဆိုင်ရာရုံးများစွာ ပြန်လည်စတင် လည်ပတ်နေပြီဖြစ်‌ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ဆေးရုံကြီးကတော့ ဒီနေ့စပြီးဖွင့်ပြီ။ ဒီနေ့စပြီးလူနာကြည့်တယ်။ ကိုးကန့်ကသူတို့ကိုဘာမှ မထားသွားပေးဘူးလေ။ ဘာမှမထားသွား ပေးဘူးဆိုတော့ ဒီနေ့ဆေးရုံအုပ်ကြီးကိုယ်တိုင် သွားကြည့်ပေးတယ်။ အခြားဌာနဆိုင်ရာတွေလည်း ပြန်ဖွင့်နေပြီ။ မနေ့ကညနေသွား ကြည့်တော့ ညနေ(၆)နာရီကျော်ထိကို သူတို့တွေလုပ်နေတုန်းပဲ။ ပြီးရင် EPCကလည်း မီးကြိုးတွေလည်းလုပ်နေပြီ။ မီးကတော့ နည်းနည်း ကြာဦးမယ်တဲ့။ တခြားအစိုးရဝန်ဆောင်မှုလုပ်ငန်းတွေကတော့ စပြီးလည်ပတ်နေပြီ။ ဆေးရုံကလည်း စပြီးလည်ပတ်နေပြီ။ စည်ပင် ကလည်း ဆေးရုံရှေ့တွေနဲ့ တစ်မြို့လုံးနည်းပါးတော့ စပြီးလုပ်နေပြီ”ဟု အထက်ပါ ဒေသခံက ပြောသည်။
ထို့ပြင် အလုပ်သမားရုံး၊ လားရှိုးမြို့မဈေးကော်မတီရုံးအပြင် အခြားသော ဌာနဆိုင်ရာ ရုံးများတွင်လည်း ဝန်ထမ်းများပြန်လည် ဝင်ရောက် ၍ ရုံးအပျက်အစီးများပြန်လည်ပြင်ဆင်ခြင်းနှင့် လုပ်ငန်းဆောင်တာများပြန်လည်လည်ပတ်ခြင်းကို မြင်မြင်သာသာ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။
“အစိုးရဝန်ဆောင်မှုလုပ်ငန်းတွေကတော့ ဒီနေ့(မတ်လ ၂ရက်)စလုပ်နေပြီ။ ကောလိပ်ဘက်တွေကရုံးတွေ။ ဆက်သွယ်ရေးရုံးတွေနဲ့ လေ ဘာရုံးတွေလည်း အကုန်တပ်ဆင်ရေးလုပ်တယ်။ ရုံးတံခါးတွေလည်းဖွင့်ထားတယ်။ ဆေးရုံကတော့ ဝန်ထမ်းတွေအများကြီးခန့်ထားပြီး ဆေးလာကုတဲ့သူ (၂)ယောက် (၃)ယောက်တော့ ရှိတယ်။ လားရှိုးမှာ အစိုးရလုပ်ငန်းတွေ အသက်ဝင်နေပြီ။ သိသာတာကတော့ ဆေးရုံနဲ့ စည်ပင်တော့တစ်မြို့လုံးလုပ်နေပြီ”ဟု ၎င်းကဆက်ပြောသည်။
လားရှိုးမှ ထွက်ခွာသွားသည့် MNDAAများက ပြည်သူ့ဆေးရုံမှ ကုတင်များ၊ မီးစက်များ၊ ဆေးပစ္စည်းများ၊ မီးသတ်ဌာနမှ မီးသတ်ကား များနှင့် အခြားပြည်သူပိုင်ပစ္စည်းများကိုပါ တစ်ပါတည်း သယ်ယူသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် လားရှိုးမြို့မဈေးကြီးတွင်လည်း MNDAAခန့်အပ်ခဲ့သောာ ဈေးကော်မတီဥက္ကဋ္ဌနေရာအစားထိုးခန့်အပ်ခြင်းအပါအဝင် အခြားသော အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအား ယခင် နစကအစိုးရလက်ထက်မှတာဝန်ရှိသူများကိုပြန်လည်ခန့်ခြင်းမျိုးများ လုပ်ဆောင်လာသည် ကိုလည်း တွေမြင်ရကြောင်း အထက်သတင်းရင်းမြစ်က ဆိုသည်။
“ကိုးကန့်ကခန့်သွားတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ဈေးကအုပ်ချုပ်ရေးမှူးကတော့ ဆက်မခန့်တော့ဘူး။ ဈေးကျတော့ အရင်ကလုပ် တဲ့သူတွေ မရှိတော့ဘူး။ ဟိုးအရင်ကလူတွေပြန်ရောက်ပြီ။ ဈေးခေါင်းတွေလည်း အရင်တုန်း(နစက အစိုးရလက်ထက်)ကလူ တွေပဲ ပြန်ဖြစ်သွားပြီ။ အဆင်ပြေလာပြီ။ လုံခြုံတယ်ခံစားရတယ်။ အားကိုးရှိသွားတယ်လို့ ခံစားရတယ်”ဟု ၎င်းကဆက်ပြောသည်။
ထို့ပြင် လားရှိုးတိုက်ပွဲအတွင်း စစ်ဘေးရှောင်ခဲ့ရသော သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော်ဒေါက်တာဘဒ္ဒန္တပုညနန္ဒက သည်လည်း ကျောင်းတိုက်သို့ပြန်လည်ကြွရောက်ပြီးနောက် ပြန်လည်သီတင်းသုံးနေပြီဖြစ်ကြောင်းလည်း သိရသည်။
သို့သော် လားရှိုးမြို့အဝင်ထွက်ဂိတ်များတွင် MNDAAအဖွဲ့က မြို့အဝင်အထွက်ကားများကို ငွေကြေးအဆမတန်ကောက်ယူနေ ခြင်းရှိ နေပြီး ထို့ကြောင့် သက်ရောက်မှုအနေဖြင့် မြို့တွင်းကုန်ဈေးနှုန်းမြင့်တက်ခြင်းလည်းရှိနေသေးကြောင်း သိရသည်။

ကိုးကား-NP News