ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
16 August 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၄ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်း မြို့နယ်၊ အရွဲကျေးရွာအုပ်စု၊ အရွဲကျေးရွာအနီး၌ ရန်ကုန်မှ ပုသိမ်ဘက်သို့ မောင်းနှင်လာသော SUNLONG အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်ပါခရီးသည် ကိုကိုအောင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၉၂၀ ပြား (တစ်ပြားလျှင် ၂,၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၁၄၈ သိန်း) ဖမ်းဆီးရမိသဖြင့် ကိုကိုအောင် (၃၄)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
MOHA
MM-News-Category