သိပ္ပံပညာရှင်များဖော်ထုတ်လိုက်တဲ့ သစ်ကြားသီးကိုစားသုံးခြင်းရဲ့ ကောင်းကျိုးရလဒ်
သိပ္ပံပညာရှင်များက သစ်ကြားသီးကို စားသုံးခြင်းကြောင့်ရရှိနိုင်တဲ့ ကောင်းကျိုး ရလဒ်တစ်ခုကို ဖော်ထုတ်ပေးလိုက်နိုင်ပါပြီ။ အဲဒီရလဒ်ကတော့ သစ်ကြားသီးကို စားသုံးခြင်းက အူမကြီးကျန်းမာရေးကို ကောင်းမွန်စေပြီး ကင်ဆာရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်တယ်ဆိုတာပါပဲ။
အဓိကကတော့ သစ်ကြားသီးမှာပါဝင်တဲ့ ပေါ်လီဖီနောဆိုတဲ့ဒြပ်ပေါင်းကို အူလမ်းကြောင်းမှာရှိတဲ့ ဇီဝသက်ရှိပစ္စည်းများကဖြိုခွဲလိုက်ပြီး ရောင်ရမ်းမှုကိုတိုက်ဖျက်တဲ့မော်လီကျူးများအဖြစ် ပြောင်းလဲသွားစေတာဖြစ်ပါတယ်။ အဲဒီမော်လီကျူးများက ရောင်ရမ်းမှုကိုတိုက်ဖျက်နိုင်ရုံသာမကဘဲ အူမကြီးကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကိုပါလျှော့ချပေးနိုင်တယ်ဆိုတာကို UConn ဆေးတက္ကသိုလ်မှသုတေသနပညာရှင်များက တွေ့ရှိထားတာဖြစ်ပါတယ်။
Ref: STD
K.H
Source: https://myawady.net.mm/
MM-News-Category