ထိုင်းနိုင်ငံတွင် ဝက်သားအစိမ်းစားခြင်းကြောင့် ရောဂါပိုးကူးစက်ပြီး လူ ၂ ဦး သေဆုံး

News Image

  • ထိုင်းနိုင်ငံတွင် ဝက်သားအစိမ်းစားခြင်းကြောင့် ရောဂါပိုးကူးစက်ပြီး လူ ၂ ဦး သေဆုံး

ထိုင်းနိုင်ငံတွင် ဝက်သားစိမ်းစားသုံးမှုနှင့်ဆက်နွှယ်သည့် Streptococcus suis ရောဂါကူးစက်မှုဖြစ်ပွားခဲ့ပြီး အတည်ပြု သေဆုံးလူနာ ၂ ဦး အထိ ရှိခဲ့ကြောင်း ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ခဲ့ပါသည်။

ထိုင်းနိုင်ငံရှိ အချို့ စားသုံးသူများအကြား ရေပန်းစားသည့် အစားအစာတစ်မျိုးဖြစ်သော ဝက်သားစိမ်းကို နုတ်နုတ်စင်းကာ အစပ်အရသာ အများအပြား ထည့်၍ သုပ်ထားသည့် ဝက်သားသုပ်ဟင်းလျာကို စားပြီးနောက် ကူးစက်မှုဖြစ်သည်ဟု သိရပါသည်။ ပြည်သူ့ကျန်းမာရေးဝန်ကြီး ဆွန်ဆက်ခ် သက်ဆုသင်၏ပြောကြားချက်အရ ဖာရေ့ခရိုင်တွင် ရောဂါပိုးကူးစက်ခံရသူ ၁၄ ဦး ရှိပြီး ၂ ဦး သေဆုံးခဲ့သည်ဟု သိရပါသည်။ ထို့ကြောင့် ဝက်သားအစိမ်းကို စားပြီးနောက် အဖျားကြီးလာခြင်း၊ ကြွက်သား နာကျင်ကိုက်ခဲခြင်းများခံစားရသည်နှင့် ဆေးကုသမှု ချက်ချင်းခံယူသင့်သည်ဟု အကြံပြုထားပါသည်။

Strepto coccus suis ရောဂါပိုးသည် မကုသဘဲထားပါက အကြားအာရုံကို ရေရှည်ဆုံးရှုံးနိုင်ခြင်းကြောင့် အမြန်ကုသနိုင်ရန် လိုအပ်ကြောင်း သိရပါသည်။

ကိုးကား-NP News