အူလမ်းကြောင်းကိုထိခိုက်စေမယ့် စားနေကျနံနက်စာများ
မြောက်ကာရိုလိုင်းနားပြည်နယ်တက္ကသိုလ်မှသုတေသနပညာရှင်များလုပ်တဲ့ သုတေသနတစ်ခုမှာ လူအများစုစားနေကျဖြစ်တဲ့နံနက်စာများဟာ မိမိတို့ရဲ့အူလမ်းကြောင်းကိုထိခိုက်စေတယ်လို့ တွေ့ရှိ ထားပါတယ်။
အထူးသဖြင့် နွားနို့၊ ကြက်ဥ၊ ပဲနဲ့ပဲပိစပ်လိုမျိုးအရာတွေကနေရရှိတဲ့ပရိုတိန်းတွေက စမ်းသပ်ခံကြွက်တွေရဲ့ အူလမ်းကြောင်းအပေါ် ကြီးစွာသောသက်ရောက်မှုရှိစေတယ်ဆိုတာကို သုတေသီများက တွေ့ရှိထားတာဖြစ်ပါတယ်။
အူလမ်းကြောင်းထဲမှာရှိတဲ့ ဇီဝပစ္စည်းများက အမျိုးမျိုးသောကျန်းမာရေးအပေါ်သက်ရောက်မှုရှိပါတယ်။ အခုစမ်းသပ်မှုကနေထွက်လာတဲ့ရလဒ်ကကမ္ဘာတစ်ဝန်း မှာရှိတဲ့ လူသန်းပေါင်းများစွာခံစားနေရသော အူလမ်းကြောင်းဆိုင်ရာရောဂါများကို ကာကွယ်ခြင်းနဲ့ကုသခြင်းတို့အတွက် အသုံးဝင်စေမှာဖြစ်ပါတယ်။
Ref: IE K.H
Source: https://myawady.net.mm/
MM-News-Category