အသက် ၂၀ တွင် ကိုယ်အလေးချိန်မြင့်တက်ခဲ့ပြီး အသက် ၃၀ နောက်ပိုင်း ကလေးယူသူ အမျိုးသမီးများ ရင်သားကင်ဆာဖြစ်နိုင်ခြေမြင့်မား

News Image

  • အသက် ၂၀ တွင် ကိုယ်အလေးချိန်မြင့်တက်ခဲ့ပြီး အသက် ၃၀ နောက်ပိုင်း ကလေးယူသူ အမျိုးသမီးများ ရင်သားကင်ဆာဖြစ်နိုင်ခြေမြင့်မား

လန်ဒန်   မေ ၁၅

အသက် ၂၀ အရွယ်တွင် ကိုယ်အလေးချိန်မြင့်တက်ခဲ့ပြီး အသက် ၃၀ နောက်ပိုင်းတွင် ကလေးရယူသည့် အမျိုးသမီးများ၌ ရင်သားကင်ဆာဖြစ်နိုင်ခြေ မြင့်မားလာတတ်ကြောင်း မေ ၁၄ ရက်သတင်းများအရ သိရသည်။

ဗြိတိန်နိုင်ငံ မန်ချက်စတာတက္ကသိုလ်မှ သုတေသနပညာရှင်များသည် အမျိုးသမီးပေါင်း ၅၀၀၀၀ ခန့်တို့၏ ကျန်းမာရေးအချက်အလက်များကို လေ့လာခဲ့ကြကြောင်း သိရသည်။

လေ့လာချက်မှ ပေါ်ထွက်လာသည့်ရလဒ်များအရ အသက် ၂၀ အရွယ်တွင် ကိုယ်အလေးချိန်မြင့်တက်လာခဲ့ပြီး အသက် ၃၀ နောက်ပိုင်းမှသာ ရင်သွေးရယူသည့် အမျိုးသမီးများသည် ၎င်းပြဿနာများမရှိသူ အမျိုးသမီးများထက် ရင်သားကင်ဆာရောဂါဖြစ်နိုင်ခြေ သုံးဆပိုမြင့်မားသည်ကိုတွေ့ရကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

ကိုယ်တွင်း အဆီဓာတ်လွန်ကဲမှုကြောင့် ရင်သားကင်ဆာဆဲလ်များ ကြီးထွားရေးကို လှုံ့ဆော်ပေးသည့် ဟော်မုန်းများပေါ်ထွက်လာနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

အသက် ငယ်ငယ်ရွယ်ရွယ်တွင် ကလေးရယူသူ၊ ကိုယ်အလေးချိန်ပုံမှန်ရှိသူ အမျိုးသမီးများတွင်မူ ရင်သားကင်ဆာရောဂါဖြစ်နိုင်ခြေ နည်းပါးသည်ဟု ဗြိတိန်သုတေသနပညာရှင်များက ပြောကြားကြောင်းသိရသည်။

Source: ရတနာပုံသတင်းစာ